27 C
Yangon

Breaking News – ပုလဲမြို့နယ်၊ မြောက်ပန်းတောက်ကုန်းရွာအနီး စစ်တပ်က တိုက်လေယာဥ်ဖြင့် ပစ်ခတ်မှု ပြည်သူများ ထိခိုက်သေဆုံးမှုရှိ

Must read

Breaking News – ပုလဲမြို့နယ်၊ မြောက်ပန်းတောက်ကုန်းရွာအနီး စစ်တပ်က တိုက်လေယာဥ်ဖြင့် ပစ်ခတ်မှု ပြည်သူများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇွန် ၂၇

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မြောက်ပန်းတောက်ကုန်းရွာအနီး အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း Union Liberation Front အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၂ မိနစ်ခန့်တွင် Jet Fighter အကြမ်းဖက် စစ်တပ်က မြောက်ပန်းတောက်ကုန်းရွာအနီး ၂ ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်၏ Jet Fighter ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဟန်းသံဃာများ အပါအဝင် ပြည်သူများပါ ထိခိုက် သေဆုံးမှုရှိ​ပြီး ပစ်ခတ် တိုက်ခိုက်ခံရသည့် နေရာ အတိအကျကို အတည်မပြုနိုင်သေးကြောင်း Union Liberation Front – ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article