ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ကျေးရွာ ၅ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးနေရ
ရန်ကုန်၊ ဇွန် ၂၇
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၄ နာရီ ၃၀ မိနစ်ကျော်တွင် အကြမ်းဖက် စစ်တပ်က ငါးပတ်ချောင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ ၅ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။
“ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာကို စစ်ခွေးတွေ မီးတင်ရှို့နေတယ်။ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး။ ပြည်သူတွေတော့ ရွာလုံးကျွတ် ပြေးနေရတယ်။ ဘေးနားက ရွာ ၅ ရွာ ကျောက်က

