ပလောက်မြို့တွင် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရမိ၊ တနင်္သာရီမြို့တွင် ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဇွန် ၂၇
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ ကျေးရွာနှစ်ရွာမှ ပျူစောထီး နေအိမ်များကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ ဦး သေဆုံးခဲ့ကြောင်း ပုလောစစ်ကြောင်း ၁ ထံမှ သိရသည်။
ဇွန်လ ၂၄ ရက်နေ့ ညပိုင်းတွင် ပလောက်မြို့၊ သရက်တပင်ကျေးရွာနေ အသက် ၅၁ နှစ် အရွယ် ပျူစောထီး ဒုခေါင်းဆောင် ဦးမျိုးတင့်၏ နေအိမ်ကို ဝင်ရောက် ဖမ်းဆီးခဲ့ရာ နေအိမ် အတွင်းမှ ထွက်ပြေးသွားပြီး လက်ပစ်ဗုံး ၁ လုံး၊ AK သေနတ် ၂ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၁၃၃ တောင့်နှင့် ဘတ်တံဆိပ်များ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။
အလားတူ ညောင်ရှည်ကုန်းရွာရှိ အသက် ၆၅ နှစ်အရွယ် ပျူစောထီးအဖွဲ့ဝင် ဦးစိန်သန်း၏ နေအိမ်ကို ဆက်လက်ဖမ်းဆီး ရှာဖွေခဲ့ပြီး ပျူစောထီး ၂ ဦးကို ဖမ်းဆီး ခေါ်ဆောင်လာစဥ် ထွက်ပြေးရန် ကြိုးစားသောကြောင့် ပစ်ခတ် ဖမ်းဆီးရာမှ သေနတ်ကျည် ထိမှန်ပြီး ၂ ဦးလုံးသေဆုံးခဲ့ကြောင်း သိရှိရသည်။
သေဆုံးသွားသော ပျူစောထီး ၂ ဦးသည် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းကာ လက်နက်အားကိုးဖြင့် ပြည်သူလူထုအပေါ် မတရားဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးရာတွင် လမ်းပြအဖြစ် လိုက်ပါခြင်းတို့ လုပ်ဆောင်နေသူများ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာဘုန်းကြီးကျောင်း၌ စခန်းချ၊ တပ်စွဲနေသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ဇွန်လ ၂၆ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်က အဆိုပါ အကြမ်းဖက်စစ်သားများကို မြိတ်ခရိုင် တပ်ရင်း ၂ တပ်ခွဲ -၂၊ တနင်္သာရီပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့နှင့် တောင်ပံနီပြည်သူ့ကာ ကွယ်ရေးအဖွဲ့တို့က ပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ကာ အ ကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုမသိရသေးကြောင်း သိရသည်။
