26.4 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ကျေးရွာအုပ်စုရှိ ရွာ ၃ ရွာကို စစ်တပ်က မီးတင်ရှို့နေ

Must read

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ကျေးရွာအုပ်စုရှိ ရွာ ၃ ရွာကို စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ ဇွန် ၂၇

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ကျေးရွာ အုပ်စုရှိ ရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ် ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ နှင်းတောရွာ၊ ရွှေအင်းလေးရွာနှင့် သိမ်တော်ရွာတို့ကို မိုးရွာသွန်းနေသော်လည်း မီးတင်ရှို့နေခြင်းဖြစ်ပြီး ပျက်စီး ဆုံးရှုံးမှု များနိုင်ကြောင်း သိရသည်။

“ မငြိမ်းလောက်သေးဘူး မီးများတော့။ ခုဟာက ရွှေအင်းလေးရွာဘက်နဲ့ နှင်းတောရွာကို မီးတင်နေတာ မိုးတွေ ရွာနေတာကို ခု သိမ်တော်ရွာဘက်ရော ၃ ရွာက ကပ်လျက်ပဲ။ နှင်းတောက အိမ်ခြေ များတယ် ရွာကျယ်တယ်” ဟု ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ် ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ညောင်ပင်ကြီး ကျေးရွာ၌ တပ်စွဲသည့် ဇွန်လ ၉ ရက်နေ့မှ စတင်ကာ ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာသို့ လက်ရှိချိန်ထိ ထွက်ပြေးတိမ်းရှောင် နေရဆဲ ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article