27 C
Yangon

ပုသိမ်ကြီးမြို့နယ်ရှိ ကံကောက်အရှေ့ရွာနှင့် နန်းဦးလွင်ကွက်သစ်ရွာ ၂ ရွာရှိ အိမ်ပေါင်း တစ်သောင်းကျော်ကို စစ်တပ်က အတင်းအဓမ္မဖျက်သိမ်းခိုင်း

Must read

ပုသိမ်ကြီးမြို့နယ်ရှိ ကံကောက်အရှေ့ရွာနှင့် နန်းဦးလွင်ကွက်သစ်ရွာ ၂ ရွာရှိ အိမ်ပေါင်း တစ်သောင်းကျော်ကို စစ်တပ်က အတင်းအဓမ္မဖျက်သိမ်းခိုင်း

ရန်ကုန်၊ ဇွန် ၂၇

မန္တလေးတိုင်း အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်ရှိ ကံကောက်အရှေ့ရွာ နှင့် နန်းဦးလွင် ကွက်သစ်ရွာ များကို အကြမ်းဖက် စစ်တပ်က လက်နက်ပြ၍ အတင်းအဓမ္မ ဖျက်သိမ်း ခိုင်းနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အဆိုပါ ကံကောက်အရှေ့ရွာနှင့် နန်းဦးလွင်ကွက်သစ်ရွာများမှာ ၂ ရွာပေါင်း အိမ်ခြေ တစ်သောင်းကျော်ရှိကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“ဇူလိုင်လ ၆ ရက်နေ့ အပြီးဖြတ်ပေးရမယ်တဲ့ရှင့် ။ ကျမတို့မှာ အခုမှ အိမ် ဆောက် ထားတာလူတောင် မနေရသေးဘူးရှင့်။ ငွေကုန်လူပင်ပန်းတာတောင် အပန်းမပြေသေးပါဘူး။ အခုတော့ လမ်းဘေးရောက်တော့မှာပါပဲ ။ ရှိတာ အကုန် ပါသွားပါပြီ။ ကံကောက်အရှေ့ရွာနဲ့ နန်းဦးလွင်ကွက်သစ် ၂ ရွာကို ကွက်သစ်တွေအကုန်ပါတယ်တဲ့ဗျာ။ အိမ်ပေါင်းသောင်းကျော်ရှိပါတယ်ဗျာ”ဟု ဒေသပြည်သူ တစ်ဦးမှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

စစ်တပ်က ဒေသပြည်သူများအနေဖြင့် အိမ်များကို မဖျက်ပေးပါက ၎င်းတို့ ကိုယ်တိုင် အတင်းအဓမ္မဖျက်မည်ဟု ခြိမ်းခြောက်သွား ကြောင်းသိရှိရသည်။

“မဖျက်ရင်သူတို့က ဖျက်မှာတဲ့။ သေနတ်ကိုင်ထားတဲ့ စစ်သားက ပြောတာပါ။ လူအများကြီးလာတာ။ ရဲတွေရော စစ်သားတွေရော။အင်္ကျီအဖြူဝတ်ထားတဲ့ သူတွေရော ဒီကနေ့ပါ။ ကျမတို့နေတာ ၉ နှစ်ကျော် ရှိပါပြီ”ဟု ဒေသပြည်သူ တစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်နှင့် အပေါင်းပါများသည် အိမ်တိုင်း၊ ခြံဝင်းတိုင်းကို နံပါတ် များ ရေးခြစ်သွားကာ အိမ်ကို ဖျက်သိမ်းရန် စာများ လိုက်ကပ်နေကြောင်း ဒေသပြည်သူများ ထံမှ သိရှိရသည်။

စစ်ကောင်စီက နေအိမ်များကို ဖျက်သိမ်းခိုင်းသည့် အကြောင်းကြားစာတွင် နန်းဦးလွင်ကျေးရွာအုပ်စုရှိ နေအိမ်များသည် လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက် မရဘဲ ဆောက်လုပ်ထားခြင်းဖြစ်၍ ဖျက်သိမ်းခိုင်းခြင်းဖြစ်ကြောင်း၊ မြေပိုင်ဆိုင်မှုများကိုလည်း လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ဖျက်သိမ်းခံရမည့်နေအိမ်များ၊ အမိန့်စာနှင့် အမှတ်အသားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article