28 C
Yangon

ကော့မှူး၊ ရှာဘွားရွာ အုပ်စုရှိ အိမ်ထောင်စု ၁၀၀၀ ကျော်ကို စစ်တပ်ပိုင် ရော် ဘာခြံ ၁၃၂၅ ဧကတွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ ၁ လအတွင်း ဖျက် သိမ်း ထွက်ခွာခိုင်း

Must read

ကော့မှူး၊ ရှာဘွားရွာ အုပ်စုရှိ အိမ်ထောင်စု ၁၀၀၀ ကျော်ကို စစ်တပ်ပိုင် ရော် ဘာခြံ ၁၃၂၅ ဧကတွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ ၁ လအတွင်း ဖျက် သိမ်း ထွက်ခွာခိုင်း

■ ပြည်သူများ နှစ်ပေါင်း ၂၅ နှစ်ကျော် နေထိုင်လာသည့်မြေကို ရန်ကုန်တိုင်း စစ်ကောင်စီပိုင်မြေများဟုဆို

ရန်ကုန်၊ ဇွန် ၂၈

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် အနောက်ခြမ်း ရှာဘွားအုပ်စုရှိ အိမ်ထောင်စု ၁၀၀၀ ကျော်ကို ၁ လအတွင်း ဖျက်သိမ်း ထွက်ခွာသွားရန် အကြမ်းဖက်စစ်တပ်မှာ လာရောက် ခြိမ်းခြောက် ပြောဆိုကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီဝင်နှင့် ရဲ အင်အား ၈၀ ဝန်းကျင်ခန့်နှင့် ဖျက်သိမ်း ထွက်ခွာရန် လာရောက်ပြောဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။

“တစ်အိမ်တစ်ယောက် မနေ့က အစည်းအဝေးခေါ်ပါတယ်။ ၁ လအတွင်းဖယ်ပေးဖို့။ မဖယ်ရင် သူတို့က ဖယ်ရှားမယ့် စက်တွေနဲ့ လာခဲ့မယ်တဲ့ ။ နေအိမ် ၁၀၀၀ ကျော်လောက်ရှိပါတယ်။ အဲဒီမှာ စိုက်ပျိုးစားပြီး နေကြရတာ ။ အခုတော့ လာနှင်ထုတ်တယ်။ ရှာဘွားအုပ်စု ရွာ ၄၊ ၅ ရွာက ရွာသူရွာသားတွေ အခု ဒုက္ခဖြစ်ကုန်ပါပြီရှင်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယင်း ရှားဘွားကျေးရွာအုပ်စုတွင် နေထိုင်ကြသည့် ပြည်သူများမှာ ယခင် စက်မှု ၁ စီမံကိန်း လာရောက် လုပ်ကိုင်စဉ်ကတည်းက အလုပ်ဝင်၍ နေထိုင်ကြသူများဖြစ်ကြကြောင်း၊ စက်မှု ၁ ဖျက်သိမ်းသွားသော်လည်း အဆိုပါ နေရာတွင် စိုက်ပျိုးရေး လုပ်၍ နေထိုင်ကြသည်မှာ နှစ်ပေါင်း ၂၅ နှစ် ဝန်းကျင်ခန့် ရှိပြီဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

စစ်ကောင်စီက နေအိမ်များကို ဖျက်သိမ်းခိုင်းသည့် အကြောင်းကြားစာတွင် ရှာဘွားကျေးရွာအုပ်စုရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့ပိုင် ဆူးကလပ်ရော်ဘာခြံ ၁၃၂၅ ဧကတွင် ကျူးကျော်နေထိုင်၍ ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း၊ ရက်ပေါင်း ၃၀ အတွင်း ရွှေ့ပြောင်းထွက်ခွာရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article