27 C
Yangon

ပခုက္ကူနှင့်မြိုင်တွင် နယ်မြေ ထိန်းချုပ်ရေး စီမံချက်အရ စစ်တပ်ယာဉ်တန်း နှင့်စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၉ ဦး သေဆုံး

Must read

ပခုက္ကူနှင့်မြိုင်တွင် နယ်မြေ ထိန်းချုပ်ရေး စီမံချက်အရ စစ်တပ်ယာဉ်တန်း နှင့်စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၉ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၂၈

မကွေးတိုင်း၊ ပခုက္ကူနှင့်မြိုင်မြို့နယ်တို့တွင် နယ်မြေထိန်းချုပ်ရေး စီမံချက်အရ စစ်တပ်ယာဉ်တန်းနှင့်စစ်ကြောင်းများကို မိုင်းဆွဲခြင်းနှင့် ဒရုန်းဖြင့် ဗုံးကျဲ ခြင်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၉ ဦး သေဆုံးကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန် ပခုက္ကူမြို့ဘက်မှ ကမ္မမြို့ဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်ကား ၄ စီးကို ကန်တော်ရွာနှင့် ကမ္မမြို့ကြားတွင် မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ ရာ ယာဉ်ပေါ်ပါ အကြမ်း ဖက်စစ်သား ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း၊ သေဆုံး သွားသော စစ်သားကို မိုးကာဖြင့် ပတ်ပြီး သယ်ဆောင်သွားကြောင်း၊ အလားတူ လမ်းကင်း ယူထားသော စစ်သား၊ ပျူစော ထီးများကို အီနာဂါဗုံးသီး ကျဲချရာ ကြောက်လန့် ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၁ ၊ တပ်ခွဲ ၄ ၊ တပ်စိပ် ၁ ၊ တပ်စိပ် ၄ ၊ PKU Thurain နှင့် Black Cobra ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ဇွန်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပခုက္ကူမှ မြိုင်ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကား တစ် စီးကို တွင်းမပျူစောထီးစခန်းနှင့် သရက်ကန်ပျူစောထီး စခန်းကြား အရောက် မိုင်းပွိုင့် ၄ ပွိုင့်(မိုင်းအ ကြီး ၈ လုံး)ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားများမှာ လုံးဝပျက်စီးသွားပြီး လမ်းပိုင်း လည်း လုံးဝပျက်စီး သွား ကြောင်း သိရသည်။

ထိုသို့မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သား ၆ ဦးအနည်းဆုံး သေဆုံး နိုင်ပြီး ခြေပြတ်လက် ပြတ်အများအပြားဒဏ်ရာရရှိနိုင်ကြောင်း၊ တွင်းမပျူစော ထီးစခန်းအတွင်းမှ ငိုသံများကြားရကြောင်း၊ ပျက်စီးသွားသော ကားကို ယနေ့ ဇွန်လ ၂၈ ရက် နံနက် ၄ နာရီခန့်တွင် ကားများဖြင့် ချိတ်ဆွဲကာ တွင်း မ ကျေးရွာ ပျူစောထီးစခန်းအတွင်းသို့ သယ်ယူသွားသည်ဟု ဆိုသည်။

ထို့ပြင် ဇွန်လ ၂၇ ရက် နေ့လည် ၂ နာရီဝန်းကျင်ခန့်တွင် ပခုက္ကူမှ အကြမ်းဖက်စစ်ကား ၂ စီး ထပ်မံထွက်ခွာ လာရာ တွင်းမပျူစောထီးစခန်းနှင့် ကမ္မစခန်းကြားအရောက် မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် ထပ်မံဖောက်ခွဲ တိုက် ခိုက်ခဲ့ရာ ကားပေါ်ပါ အကြမ်းဖက်စစ်သားများထိခိုက်သေဆုံးမှုရှိနိုင်ပြီး ကားများမှာ မြိုင်မြို့သို့ ဝင် ရောက်နိုင်ခြင်းမရှိပဲ တွင်းမရွာ ပျူစောထီးစခန်းထဲ၌ ရပ်တန့် နေကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ကားများ ပျက်စီးခြင်း၊ အဓိကလမ်းပိုင်းပျက် စီးခြင်း တို့ ယာဉ်တန်း ရှေ့ ဆက်မတိုးရဲတော့ပဲ တွင်းမပျူစောထီးစခန်းနှင့် သရက်ကန် ပျူစောထီးရွာကြားလှည့်ပတ်ကာအနီး အနားပတ်ဝန်း ကျင် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဇွန်လ ၂၈ ရက်နေ့ နံနက် ၄ နာရီခွဲခန့်က မြိုင်မှ ထွက်လာသော အကြမ်း ဖက်စစ်ကြောင်းကို ပေပင်တိုက်နှင့် သရက်ကန်ပျူစောထီးစခန်း အကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးခန့်သေဆုံးနိုင် ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို မြိုင် ပကဖ တပ်ရင်း ၁ – တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ (ဂဠုန်) ၊ တပ်ခွဲ ၄ – (စင်္ကြာ) ၊ ကမ္မကာကွယ်ရေးတပ်ဖွဲ( KMDF) ၊ အလင်းတန်း ပြောက်ကျားတပ်ဖွဲ (မြိုင်)၊TYK ပြောက်ကျားတပ်ဖွဲ ၊ မုန်တိုင်းတပ်ဖွဲ ၊ အပြုံးမပျက်တဲ့ ကတုံးတပ်ဖွဲ၊ BADASSESS BURMA FORCE အစရှိသော နယ်စည်း မခြား ပကဖ တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး လမ်းပိုင်း ထိန်းချုပ်နိုင်ရေး စစ်ဆင်ရေး စီမံချက် အဖြစ် အတူတကွ ပူပေါင်းဆောင်ခဲ့ ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုသည် ယခုထက်ပိုမို များပြားနိုင်ကြောင်း မြိုင်ပကဖက ပြောသည်။

ပြည်သူများအနေဖြင့် မြိုင်-ကမ္မလမ်းပိုင်းကို လုံးဝလုံးဝ ဖြတ်သန်း သွားလာ ခြင်း မပြုကြရန် ၊ ယခု အခါ အကြမ်းဖက်စစ်တပ်မှ အဓိကကူး သန်းသွားလာ နေသော မြိုင်- ကမ္မလမ်းပိုင်းသည် မိုင်းဆွဲ တိုက် ခိုက်မှုကြောင့် လုံးဝပျက်စီး နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article