ဘားအံမြို့ရှိ အမှတ် ၂၂ ခြေလျင်တပ်မဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သည့်အပြင် ဗုံးခွဲ တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၂၈
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၂ ခြေလျင် တပ်မဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ပြီး ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံး ခဲ့ကြောင်း HPA AN GUERILLA FORCE – HGF မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၉ မိနစ်ခန့်တွင် ဘားအံမြို့ရှိ ၂၄ နာရီ လုံခြုံရေး အပြည့်ယူထားသော အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၂ ခြေလျင် တပ်မဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ၁ ကြိမ် ပစ်ခတ် တိုက် ခိုက် ခဲ့ကြောင်း၊ ထို့နောက် မွန်းလွဲ ၁ နာရီ ၃၈ မိနစ်ခန့်တွင် ဗုံးဆင်ထားသော ကား ဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အမှတ် ၂၂ ခြေလျင်တပ်မ ဌာနချုပ် အတွင်းရှိ လုံခြုံရေးယူထားသော အကြမ်းဖက် စစ်သား ၂ ဦး ထိခိုက် သေဆုံး ကြောင်း သိရသည်။
“ဒီနေ့ မွန်းလွဲပိုင်းမှာ ဘားအံမြို တပ်မ ၂၂ ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး နဲ့ပစ်တယ်။ ပြီးတော့ ကားဗုံးခွဲပါတယ်။ စစ်သား ၂ ဦး သေဆုံးပါတယ်” ဟု HPA AN GUERILLA FORCE – HGF မြို့ပြ ပြောက်ကျား တပ်ဖွဲ့က ရှင်းပြသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၂ ခြေလျင်တပ်မ ဌာနချုပ်သည် ဘားအံမြို့နယ်အတွင်း ခံစစ်အသွင်ပြောင်း၍ ဌာနချုပ်အတွင်း စစ်သားများက ၂၄ နာရီအပြည့် လုံခြုံရေးယူထားသည့်ကြားမှ HPA AN GUERILLA FORCE – HGF မြို့ပြ ပြောက်ကျား တပ်ဖွဲ့က မြို့ပြ စစ်ဆင်ရေး အဖြစ် အောင်မြင်စွာ ပြု လုပ်နိုင်ခဲ့ကြောင်း HGF မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ကားပေါ်တွင် ဗုံးဆင်ပြီး အမှတ် ၂၂ ခြေလျင်တပ်မဌာနချုပ်ကို ဖောက်ခွဲ တိုက်ခိုက်ထားစဉ်။