မြိုင်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ မုံရွာ-ကလေးဝ-ယာကြီး လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား
ရန်ကုန်၊ ဇွန် ၂၈
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း စကြာ် – ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ဇွန်လ ၂၈ ရက်နေ့တွင် စက်မူ ၂ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့များမှ မိုင်းပွိုင့် ၂ နေရာခွဲ၍ ကိုင်းတောမရဲစခန်းနှင့် သရက်ကန်ပျုစောထီးရွာ အကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း ၁ တပ်ခွဲ ၁၊ တပ်ခွဲ ၄ (စကြာ်)၊ TYK (ပြောက်ကြားတပ်ဖွဲ့ ) မုန်တိုင်းတပ်ဖွဲ့၊ အပြုံးမပျက်တဲ့ ကတုံးတပ်ဖွဲ့၊ BADASSESS BURMA FORCE (ဗမာ့စောက်ကြမ်းတပ်ဖွဲ့) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း စကြာ်ဒေသ ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းချောင်ဒေသ၊ မုံရွာ- ကလေးဝ-ယာကြီးလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သားအများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း အလောင်းတော်ကဿပ နယ်မြေသတင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
ယနေ့ ဇွန်လ ၂၈ ရက် နံနက် ၉ နာရီခန့်က ကလေးဝဘက်မှ မင်းမြို့နယ်၊ တောင်တွင်းချောင်ဘက်သို့ အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ကလေးခရိုင်အတွင်းရှိ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ မုံရွာ- ယာကြီး-ကလေးဝ လမ်းပိုင်း မိုင်တိုင်အမှတ် ၁၀၀ တောင်ဘက် အရောက် ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားအများအပြားသေဆုံးခဲ့ကြောင်း သိရသည်။
“ခန့်မှန်းခြေ ခွေး ၄၀ လောက်သေတယ်လို့ မြေပြင်က ရဲဘော်တစ်ဦးက ပြောထားတယ်၊ အတိအကျ တော့ မသိရသေးဘူး၊ အဲဘက်ကလိုင်းတွေမမိဘူး” ဟု အလောင်းတော်ကဿပ နယ်မြေသတင်းမှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။