28 C
Yangon

ပုလဲမြို့နယ်တွင် သံဃာတစ်ပါး အပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးခဲ့သော လေကြောင်း တိုက်ခိုက် မှုတွင် YAK-13 တိုက်လေယာဉ်ကို အသုံးပြုခဲ့ပြီး အရပ်သားများကို ဦးတည်တိုက်ခိုက်ခဲ့

Must read

ပုလဲမြို့နယ်တွင် သံဃာတစ်ပါး အပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးခဲ့သော လေကြောင်း တိုက်ခိုက် မှုတွင် YAK-13 တိုက်လေယာဉ်ကို အသုံးပြုခဲ့ပြီး အရပ်သားများကို ဦးတည်တိုက်ခိုက်ခဲ့

■ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူများ၏ အမည်စာရင်းများ ရရှိ

ရန်ကုန်၊ ဇွန် ၂၈

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် သံဃာတစ်ပါး အပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးစေခဲ့သော စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုတွင် YAK-130 အမျိုးအစား တိုက်လေယာဉ်ကို စစ်ကောင်စီက အသုံးပြုခဲ့ပြီး အရပ်သားများကို ဦးတည်တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများနှင့် ဒေသကာကွယ်ရေးတပ်များက ပြောသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာကို အကြမ်းဖက်တပ်က ဇွန်လ ၂၇ ရက်နေ့ ည‌နေ ၃ နာရီ ၃၀ မိနစ်အချိန် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တံတားဦးလေဆိပ်မှ လာသော YAK 130 ဂျက်တိုက်လေယာဉ် ဖြင့်လေကြောင်းတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ရာတွင် ဗုံးအကြီး ၃ လုံးကျဲချပြီး ဗုံးငယ်၁၀ လုံးခန့်ပစ်ခတ်ခဲ့ကြောင်း၊ လေယာဉ်ပစ်စက်သေနတ်ဖြင့်ပါပစ်ခတ်ခဲ့ကြောင်း၊ ၂ ကြမ်တိုင်ဝဲပျံပြီး ဒုတိယအကြိမ်တိုက်ခိုက်မှုတွင် လေယာဉ်ပစ်စက်သေနတ်ဖြင့်ပစ်ခတ်သည့်အပြင် မီးလောင်ဗုံး ၁ လုံးကြဲချခဲ့ကြောင်း သိရှိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ပါး၊ အရပ်သားပြည်သူ အမျိုးသား ၆ဦး၊ အမျိုးသမီး ၃ဦး သေဆုံးခဲ့ရကြောင်း၊ ၇ ဦးဒဏ်ရာရရှိခဲ့ပြီး ၉ ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ရကြောင်း၊ သေဆုံး သူအမျိုးသမီး ၃ ဦးအနက် ၁ ဦးမှာ ဆေးဝါး ကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရ သူ ကျန် ၇ ဦးအနက် ၁ ဦးမှာ အသက်အန္တရာယ်စိုးရိမ်နေရဆဲအခြေအနေဖြစ်ကြောင်း၊ ဒဏ်ရာရသူ များတွင် ၁၃ နှစ်အရွယ် ကလေးငယ် (ကျား) ၁ ဦးပါဝင်ကြောင်း သိရှိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော အရပ်သားပြည်သူများမှာ

၁-သံဃာတော် ၁ ပါး

၂-မမြင့်မြင့်နွယ် ၃၅ နှစ်၊

၃-ကိုဇော်လင်းနိုင် ၃၅ နှစ်၊

၄-ဦးရွှေကြီး ၆၀ နှစ်၊

၅-ဦးကျော်မြင့်ဝင်း ၄၅ နှစ်၊

၆-ဒေါ်တင်မြင့် ၅၂ နှစ်၊

၇-ဦးမင်းစိုး ၄၅ နှစ်၊

၈-ဦးဝင်းအောင် ၅၅ နှစ်၊

၉-ဦးသန်းဆောင် ၇၀ နှစ်၊

၁၀-မဟန်နီဇော် ၁၉ နှစ်တို့ဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူများမှာ မယဥ်ယဥ်သင်း ၃၃ နှစ်၊ ဦးကျော်ဝင်း ၄၈နှစ်၊ မဟန်နီဇော် ၁၉ နှစ်၊ ဒေါ်ဆယ်မိ ၅၂ နှစ်၊ မနုနု ၂၃နှစ်၊ မဌေးနိုင် ၃၅ နှစ်၊ မောင်နေဝင်းတင် ၁၃ နှစ်၊ မသင်းသင်းဆွေ ၄၅ နှစ်တို့ဖြစ်ပြီး မဟန်နီဇော်မှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ကုန်းကျေးရွာ ရွာဦး ဘုန်းကြီးကျောင်း၏ ပင်မကျောင်း ဆောင်၊ ဓမ္မာရုံနှင့် ဆွမ်းစားဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း၊ ရွာဦးကျောင်းတိုက် ပရဝုဏ်အတွင်းတည်ထားသော စေတီ ၂ ဆူ နှင့် တန်ဆောင်း ၁ ခု လက်နက်ကြီးကျည်များထိမှန်ပြီး အပျက်အစီးများပြန့်ကျဲနေပြီး ဘုရားဝင်း အုတ်တံတိုင်းများထိခိုက်ပြိုကျခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article