ခင်ဦးရှိ မီးဘေးသင့် ကျေးရွာတစ်ရွာမှ ပြည်သူများအတွက် သောက်သုံးရေအိုးများအပါအဝင် တစ်ကိုယ်ရေသုံးပစ္စည်းများ လှူဒါန်း
ရန်ကုန်၊ ဇွန် ၂၉
ခင်ဦးမြို့နယ် မီးဘေးသင့် ကျေးရွာ တစ်ရွာမှ အိမ်ခြေ တစ်ရာကျော်ကို တစ်အိမ်ထောင်လျှင် သောက်သုံးရေမြေအိုး၊ အင်္ကျီ စတစ်ကော်လံ လက်ရှည် ၆၁ထည်၊ ပုဆိုး ၃ကွင်း ၊ခြည်သားလုံချည် ၂ကွင်း ၊အမျိုးသမီးဝတ် ဘောင်ဘီ ၁၂ ထည် ၊ရှိုးဝါးဖိနပ် ၁၀ရံ ၊ ခြင်ထောင် ၂လုံး ၊ဆပ်ပြာဗူးကြီး ၁၀ ဗူး၊ ဆပ်ပြာဗူးသေး ၁၀ ဗူး၊ ကလေးစီးဖိနပ် ၁၁ရံ နှင့် တီရှုပ် ၂ထည်တို့ကို မဲစနစ်ဖြင့် ရပ်နီးရပ်ဝေး အလှူရှင်အသီးသီးကိုယ်စား ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်တာဝန်ခံများနှင့် သတင်းနှင့်ပြန်ကြားရေး အဖွဲ့မှတစ်ဆင့် လှူဒါန်းပေးခဲ့သည်။



