30 C
Yangon

ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာ အနီး ကင်းလှည့်နေသည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာ အနီး ကင်းလှည့်နေသည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၉

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာ အနီး ကင်းလှည့်နေသည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း ပေါက်တောင်ပိုင်း ကျီးကန်းအဖွဲ့ ပ က.ဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပေါက်မြို့နယ် သစ်ချိုကုန်းရွာအနီး ကင်းလှည့်နေသည့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ပေါက်မြို့နယ် တောင်ပိုင်း သစ်ချိုကုန်းရွာ ပျူစောထီးတွေ ကင်းပတ်လာတာကို ပစ်ခတ် တိုက်ခိုက်ခဲ့လို့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်။ သူတို့ဘက်က ၃ ယောက်သေတယ်။ ညနေ ၄ နာရီလောက်က ဖြစ်တာ အလောင်း ၁ လောင်းပုံကိုတော့ အနီးကပ်ထိ သွားပြီးရိုက်ခဲ့တယ်” ဟု ပေါက်တောင်ပိုင်း ကျီးကန်းအဖွဲ့ ပ က.ဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Pauk Revolution Front PRF၊ မြိုင်မြို့နယ် ပ.က.ဖ ၊ ပခုက္ကူခရိုင်အမှတ် ၁၂ တပ်ရင်း YRF၊ ပေါက်တောင်ပိုင်း ကျီးကန်းအဖွဲ့ ပ.က.ဖ၊ နယ်မြေခံ ပ.က.ဖ များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article