ကျုံအိတ်တံတား မိုင်းခွဲမှုကို လာစစ်ဆေးသည့် စစ်တပ်နှင့် ဌာနဆိုင်ရာအဖွဲ့ကို တိုက်ခိုက်မှု ဗိုလ်မှူးကြီး ၊ ဒုဗိုလ်မှူးကြီး အပါ အဝင် အရာရှိ ၆ ဦး ဒဏ်ရာရပြီး ဗိုလ်ကြီး ၁ ဦး သေဆုံးရန်ရှိ
■ ဒဏ်ရာရရှိသူ ၂၆ ဦးတွင် ဒုရဲမှူးကြီးနှင့်အရာရှိများ ပါဝင်
ရန်ကုန်၊ ဇွန် ၂၉
မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြ ကျေးရွာ အနီး ကျုံအိတ်တံတား မိုင်းခွဲခံရမှုကို လာရောက် စစ်ဆေးသည့် စစ်တပ်နှင့် ဌာနဆိုင်ရာအဖွဲ့ကို တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၊ ဒုဗိုလ်မှူးကြီး အပါအဝင် အရာရှိ ၆ ဦး ဒဏ်ရာရပြီး ဗိုလ်ကြီး ၁ ဦး သေဆုံးဖွယ်ရှိကြောင်း စစ်ဘက် ကြေးနန်းသတင်းအရ သိရှိရသည်။
ယနေ့ နံနက် ၄ နာရီဝန်းကျင်အချိန် မိုင်းခွဲခံရ၍ ပြိုကျသွားသော ကျုံအိတ် တံတား ကို ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန် စစ်တပ်နှင့်ဌာနဆိုင်ရာများက လာ ရောက် စစ်ဆေးစဉ် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်ကောင်စီ ဝန်ထမ်း ၁ ဦး သေဆုံးကြောင်း၊စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၊ ဒုဗိုလ်မှူးကြီး အပါအဝင် အရာရှိ ၆ ဦး ဒဏ်ရာရပြီး ဗိုလ်ကြီး ၁ ဦး သေဆုံးဖွယ်ရှိကြောင်းသိရှိရသည်။
စစ်တပ်ဘက်မှ ဒဏ်ရာရရှိသူများတွင် တပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင် ဟိန်းသည် ဝဲနဖူး ပွန်းပဲ့ဒဏ်ရာ ရရှိကြောင်း၊ အမှတ် ၃၀၁၄ လေကြောင်းရန် ကာ ကွယ်ရေး တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ထွန်းဝင်းတွင် ခြေ ထောက် ပေါက်ပြဲ၊ လက်မောင်း ပေါက်ပြဲဒဏ်ရာ၊ ယာပေါင်ရင်း ပေါက်ပြဲ ဒဏ်ရာများ ရရှိကြောင်း၊ သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ဆန်း ဝင်းအောင်မှာ ယာတင်ပါး ပေါက်ပြဲဒဏ်ရာ ရရှိကြောင်း၊ အမှတ် ၃၀၁၄ လေ ကြောင်း ရန် ကာကွယ်ရေးတပ်မှ ဗိုလ်ကြီး ထင်ကျော်မင်းတွင် ဝဲ/ယာ ခြေမျက် စေ့ စုတ်ပြဲဒဏ်ရာ၊ ဝဲခြေသကျဉ်း စုတ်ပြဲဒဏ်ရာရရှိကြောင်း၊အမှတ် ၉ စစ် အခြေခံ လေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီး နေဇော်ထွန်းမှာ ပါးစပ်သွေးများ ဆက် တိုက်ထွက်နေပြီး အသက် အန္တရာယ်စိုးရိမ်ရကြောင်း၊ အမှတ် ၉ စစ် အခြေခံ လေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီး မင်းညီညီထွန်းမှာမူ ဝမ်းဗိုက် ပွန်းပဲ့ ဒဏ်ရာ (ယာ) ခြေသလုံးပြတ်ရှ ဒဏ်ရာ၊ (ယာ)လက်ဖဝါး ပြတ်ရှဒဏ်ရာများ ရရှိထား ကြောင်း သိရှိရသည်။
ထို့ပြင် တပ်ကြပ်ကြီး မိုးဦး၊ တပ်ကြပ် သိန်းဇော်၊ တပ်သား တင်ကျော်ဝင်း၊ ဒုတပ်ကြပ် မောင်မောင်၊ တပ်သားမျိုးဇော်၊ တပ်သား အောင်ကိုမြင့်တို့လည်း ဒဏ်ရာများရရှိကြောင်း သိရှိရသည်။
ရဲတပ်ဖွဲ့ဝင် ၉ ဦးဒဏ်ရာရရှိရာတွင် သထုံ ခရိုင်ရဲမှူးကြီး ဒုရဲမှူးကြီး စိုးပိုင် တွင် (ဝဲ/ယာ)ခြေထောက်ပေါက်ပြဲ ဒဏ်ရာ၊ သိမ်ဆိပ်နယ်မြေရဲစခန်းမှူး ရဲအုပ် ယဉ်ထွေး တွင် (ဝဲ)နားရွက်စုတ်ပြဲဒဏ်ရာ၊ ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ရဲမင်းခန့် တွင် (ယာ)ခြေသလုံးဖောက်ဝင် ဒဏ်ရာ၊ (ဝဲ)ခြေဖမိုး ပေါက်ပြဲဒဏ်ရာ၊ ရဲအုပ် လွင်လွင်ထွန်း တွင် (ဝဲ)ဘက် လက်ဖျံပွန်းပဲ့ဒဏ်ရာ၊ (ယာ)ဘက် ခါးအောင်ပိုင်း ပွန်းပဲ့ ဒဏ်ရာ၊ ရဲတပ်ကြပ် ကျော်ကျော်လင်းတွင် (ဝဲ)လက်မောင်း ဖောက်ဝင် ဒဏ်ရာ၊ ရဲတပ်ကြပ်ကြီး ထွန်းထွန်းဦးတွင် (ဝဲ)လက်ဖမိုး ပေါက်ပြဲ ဒဏ်ရာ (ဝဲ)ခြေသလုံးဒဏ်ရာ(ယာ)လက်မောင်း ဖောက်ဝင်ဒဏ်ရာ၊ ရဲတပ်သား သန်းတိုး အောင် တွင် (ယာ)ခြေဖမိုးစုတ်ပြဲ ဒဏ်ရာ၊ (ယာ)လက် မောင်းစုတ်ပြဲဒဏ်ရာ၊ (ယာ)နောက်ကျော ပေါက်ပြဲဒဏ်ရာ၊ ရဲတပ်ကြပ် သက်မင်းအောင် တွင် (ဝဲ)ခြေ မျက် စေ့ စုတ်ပြဲ၊ (ယာ)ဒူး စုတ်ပြဲဒဏ်ရာ၊ ရဲတပ်သား သန်းထွေးအောင်တွင် (ဝဲ/ယာ)ခြေထောက် ပေါက်ပြ ဒဏ်ရာ ၊ ရင်ဘတ်အောင့် ဒဏ်ရာ ရရှိကြောင်း သိရှိရသည်။
ထို့ပြင် ထွေ/အုပ်ဝန်ထမ်းများ၊ မီးသတ်များ စုစုပေါင်း ၂၆ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
