30 C
Yangon

သပြေညို သတင်းလွှာကို အလှူငွေ ဆက်သွယ် လှူဒါန်းသည့် ပြည်သူ ၆ ဦး ဖမ်းဆီးခံရပြီး ကျန်ရှိသူများကို စစ်တပ်က လိုက်လံ ရှာဖွေနေ

Must read

သပြေညို သတင်းလွှာကို အလှူငွေ ဆက်သွယ် လှူဒါန်းသည့် ပြည်သူ ၆ ဦး ဖမ်းဆီးခံရပြီး ကျန်ရှိသူများကို စစ်တပ်က လိုက်လံ ရှာဖွေနေ

ရန်ကုန်၊ ဇွန် ၂၉

မန္တလေးမြို့တွင် အကြမ်းဖက် စစ်တပ်၏ မြေပြင်လှုပ်ရှားမှုကို စုစည်း ဖော်ပြနေသည့် သပြေညို သတင်းလွှာ Facebook page ကို အလှူငွေ ဆက် သွယ် လှူဒါန်းသည့် ပြည်သူ ၆ ဦး ဖမ်းဆီးခံရကြောင်း ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့၏ တင်ပြစာတွင် သပြေညိုသတင်းလွှာ Facebook Page Admin ထံမှ ရရှိထား သော အကြမ်းဖက် စစ်တပ်၏ လှုပ်ရှားမှု သတင်းပေးပို့သူများ၊ တော်လှန်ရေး အတွက် ငွေကြေး ကောက်ခံပေးသူများ၊ ငွေကြေးထောက်ပံ့လှူဒါန်းခဲ့သူများ၏ အချက်အလက်များ စိစစ် ဖော်ထုတ်ပြီး ပြည်သူ ၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးထားသော ပြည်သူ ၆ ဦးနှင့် ချိတ်ဆက်လုပ်ဆောင်နေသည့် မန္တလေး UG အဖွဲ့ဝင်များကို ဆက်လက် ဖော်ထုတ် ဖမ်းဆီးနိုင်ရေး လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။

” သပြေညိုသတင်း Page ကို အလှူငွေထည့်တဲ့ သူတွေနဲ့ သတင်းပေးတဲ့သူ တွေကို စစ်ခွေးတွေနဲ့ ရဲခွေးတွေ ပေါင်းပြီး ဖမ်းထားတာ ၆ ယောက်ရှိပြီ။ screenshot တွေကို ကြည့်ရတာ Page Admin တစ်ယောက်ယောက်က ဒလန် လုပ်နေတဲ့ပုံပဲ ဆက်စပ်ပြီးတော့ ထပ်ပြီးဖမ်းဖို့ရှိအုန်းမယ်ထင်တယ်။ ရှောင်ရမယ့် သူတွေ ရှောင်လို့ရအောင်” ဟု ရန်ကုန်ခေတ်သစ် သတင်း ရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article