ဝက်လက်မြို့မီးသတ်စခန်းနှင့် ကျေးရွာကိုများကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်တပ်မှ အရာရှိတစ်ဦး အပါအဝင် အများအပြားဒဏ်ရာရ
ရန်ကုန်၊ ဇွန် ၂၉
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ မီးသတ်စခန်းနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများကို တိုက်လေယာဉ် ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ မီးသတ်ရုံး ပြိုကျပြီး စစ်အရာရှိ တစ်ဦးအပါအဝင် အများအပြားဒဏ်ရာရရှိကြောင်း ဝက်လက်မြို့နယ်နေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၈ မိနစ်က စစ်ကောင်စီက တိုက်လေယာဉ်တစ်စီးဖြင့် ဝက်လက်မြို့မီး သတ်စခန်း၊ မြို့အနီးပတ်ဝန်းကျင်ကျေးရွာများကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဝက်လက်မြို့ပေါ်ရှိ မီးသတ်ရုံးပြိုကျပျက်စီးခဲ့ကြောင်း၊ အဆိုပါ မီးသတ်ရုံးတွင် နေထိုင်သည့် စစ်တပ် အရာရှိကြီးတစ်ဦးအပါအဝင် အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ လေယာဉ်ဖြင့် ဗုံးကျဲရာတွင် လိမ်ပင်ရွာနှင့် ခေါတောရွာအကြားရှိ ကားလမ်းပေါ်တွင် ဗုံးနှစ်လုံး၊ လိမ်ပင်ရွာအနောက်ဘက်၌ ဗုံးတစ်လုံး၊ ခေါတော ရွာ အရှေ့ ကန်ဘောင်ပေါ်တွင် ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ သခွတ္တောရွာမှ ပြည်သူတစ်ဦးနှင့် ခေါတောရွာပြည်သူ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သခွတ်တောကျေးရွာဘုန်းကြီး ကျောင်းနှင့် ပြည်သူတစ်ဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့ ကြောင်း ၊ ဝက်လက်မြို့နယ်သတင်းမှန်ပြန် ကြားရေးထံမှ သိရသည်။
ယမန်နေ့နှင့် ယနေ့နံနက်ပိုင်းတွင် ဝက်လက်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကြောင့် စစ်တပ်ဘက်မှ အထိနာပြီး တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကျဲခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
“PDF တွေက ဒရုန်းတွေနဲ့ စစ်ဆင်ရေးလုပ်နေကြတာ၊ စစ်ဆေးရေးလုပ်နေလို့ ဝက်လက်မြို့ထဲကနေ လေကြောင်း စစ်ကူ ခေါ်ပုံရတယ်၊ အသံမကြားဘဲနဲ့ ဂျက်ဖိုက်တာက ရောက်လာပြီးတော့ မြို့ပတ် ပတ်လည်တွေအကုန်လုံးကို ပစ်သွားတာ၊ မြင်တော်ကျေးရွာ၊ မင်းကူးရွာ၊ မကျည်းတုံ၊ သခွတ် တောရွာအကုန်လှည့်ပတ်ပစ်သွားတာ” ဟု ဝက်လက်မြို့ နယ်နေ ပြည်သူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇွန်လ ၂၈ ရက်နံနက် ၆ နာရီ ၆ မိနစ်မှ နံနက် ၈ နာရီအထိ ဝက်လက်မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်း ၄ စီးဖြင့် ဗုံးသီး ၂၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ ဗိုလ်မှူးကျော်ဝင်းအပါအဝင် ၁၃ ဦးသေ ဆုံး ကြောင်း၊ အများအပြား ဒဏ်ရာရ ရှိခဲ့ကြောင်း ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) ဒုတပ်ရင်း မှူးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ပြောကြားသည်။