34 C
Yangon

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်

Must read

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်

ရန်ကုန်၊ ဇွန် ၂၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း GTR MMU တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၂၈ ရက် ည ၁၀ နာရီခန့်က အကြမ်းဖက်စစ်သား၊ ရဲ ပူးပေါင်း တပ်စွဲထားသည့် ညောင် ပင်ဝန်းရဲစခန်းကို ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၄ လုံး ကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက် သေဆုံးမှု မသိရသေး ကြောင်း၊ ဒရုန်းတက်ချိန်တွင် အကြမ်းဖက်စစ်တပ်စခန်းအတွင်းမှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ မရှိခဲ့ကြောင်းသိရသည်။

“ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းနဲ့ဗုံးကျဲခဲ့တာ၊ ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူးဗျ၊ ဒရုန်းတက် တဲ့ အချိန် ခွေးတွေဘက်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်ဗျ၊ ဒရုန်းအသံကြားတဲ့အချိန်မှာ ပြန် ပစ်တာ၊ စခန်းရှေ့မှာ ဂိတ်ဖွင့်ပြီး ဆတ်ကြေးကောက်တာကတော့ ရံဖန်ရံခါလောက်ပဲရှိ တော့တယ်၊ စခန်းမှာ ဘယ်လောက်တပ်စွဲထားတယ်ဆိုတော့ မခန့်မှန်းနိုင်ဘူး” ဟု GTR MMU တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article