25 C
Yangon

ဟိန္ဒားသတ္တုတွင်းမှ ပြန်လာသည့် ဦးပိုင်အရာရှိ လိုက်ပါလာသော စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

Must read

ဟိန္ဒားသတ္တုတွင်းမှ ပြန်လာသည့် ဦးပိုင်အရာရှိ လိုက်ပါလာသော စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်အရှေ့တောဒေသမှ ထားဝယ်မြို့ဘက်သို့ ဟိန္ဒားသတ္တုတွင်းမှ ပြန်လာသည့် ဦးပိုင်အရှိလိုက်ပါလာသော စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များ ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၂၈ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်က ဟိန္ဒားသတ္တုတွင်းမှ အကြမ်းဖက် စစ်သား အင်အား ၂၀၀ ခန့်လိုက်ပါလာသည့် စစ်ကား ၁၇ စီးပါ ယာဥ်တန်းကို ထားဝယ်-ထီးခီး လမ်းပိုင်း တစ်နေရာတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးကြောင်း၊ ယင်းအကြမ်းဖက် စစ်တပ် ယာဉ်တန်းသည် ဝကုန်းကျေးရွာအတွင်း၌ ညအိပ်တပ်စွဲကာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ ကြောင်း သိရသည်။

အဆိုပါယာဉ်တန်းသည် ဇွန်လ ၂၅ ရက်နေ့က ဟိန္ဒားသတ္တုတွင်းမှ ထွက်ခွာလာခြင်းဖြစ်ပြီး ကျောက်မဲတောင်နယ်မြေရဲစခန်းမှ ပြန်လည်ထွက်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအကြမ်းဖက် စစ်ကြောင်းသည် ယနေ့နေ့လည်ပိုင်းတွင် သင်္ကန်းတုန်းကျေးရွာ ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်ဟု နယ်မြေခံ သတင်းရင်းမြစ်များက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ဟိန္ဒားသတ္တုမိုင်းနှင့် ဖောင်းတောရေအား လျှပ်စစ်စီမံကိန်းများကို ပြန်လည် ဖော် ဆောင်နိုင်ရန် ယခုဇွန်လကတည်းက စစ်ကြောင်းဖြင့်ဝင်ရောက်လာခဲ့ရာ လမ်းကြောင်းတလျှောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ အများအပြားရှိကာ ရေအားလျှပ်စစ်ရုံးဟောင်းနှင့် ဘတ်ဟိုးကားများလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မိတ်ဖက်သတင်းဌာနဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article