26 C
Yangon

မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ရွာတွင် တပ်စွဲထားသော စစ်တပ်ကို ပစ်ခတ် တိုက် ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ရေတာရှည်၊ ကရင်ချောင်း တံတားထိပ်တွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား သေဆုံးထိခိုက်မှုများပြား

Must read

မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ရွာတွင် တပ်စွဲထားသော စစ်တပ်ကို ပစ်ခတ် တိုက် ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ရေတာရှည်၊ ကရင်ချောင်း တံတားထိပ်တွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား သေဆုံးထိခိုက်မှုများပြား

ရန်ကုန်၊ ဇွန် ၃၀

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြေခွေး ညီနောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၈ ရက်နေ့တွင် မတ္တရာမြို့နယ် အရှေ့ခြမ် ငါးလုံးပြွန်ရွာ၌ ၃ လ ကျော် ကြာ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး မဟာမိတ် ၃ ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့​ကြောင်း၊ ယင်း တိုက်ခိုက်မှုသည် မိနစ် ၃၀ ကျော် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်သား ၁ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မိုးမခမြေအောက်တော်လှန်ရေးတပ်ဖွဲ့၊ မြေခွေး ပြင်ဦး လွင် ခရိုင်ပကဖနှင့် မြေခွေးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း မြေခွေးညီနောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန် ရှိသူ က ပြောဆိုသည်။

အလားတူ ဇွန်လ ၂၆ ရက်နေ့ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကရင်ချောင်း တံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တချိုံ စုပေါင်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားကြောင်း၊ စစ်တပ်က အနည်းဆုံး အလောင်း ၁၀ ခုထက်မနည်းကို သဂြိုလ်သွားကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။

“ကရင်ချောင်းတံတားထိပ်မှာ စစ်တပ်က စစ်ဆေးရေးဂိတ်ဖွင့်ထားတာ။ အဲဒါ ကို ဘယ်ကအဖွဲ့တွေလဲတော့မသိဘူး ဝင်ပစ်တာ။ စစ်တပ်ဘက်က ၁၁ ဦး သေတယ်။ အဲဒီအလောင်းတွေကို စစ်တပ်က ဖြစ်သလို သဂြိုလ်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု သတင်းကို တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ခြင်းမရှိ သေး ဘဲ ရန်ကုန်ခေတ်သစ်အနေဖြင့် ဆက်လက် အတည်ပြုနိုင်ရန် ကြိုးပမ်း လျက်ရှိသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွင် ရေးထိုးထားသော ဝါဒဖြန့် ဆိုင်းဘုတ်စာသားတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article