ရေစကြို၊ ငတရော်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဒရုန်းဖြင့် ဗုံးကျဲ ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၃၀
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငတရော်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဒရုန်းဖြင့် ဗုံးကျဲ ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ရေလယ်ကျွန်း သတင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၉ ရက်နေ့တွင် မင်းရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ငတရော်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ မစန်းဌေး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။
” မင်းရွာမှာ အထိုင်ချထားတဲ့ စစ်ခွေးနဲ့ ပျူစောထီးတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ အီနာဂါ ဗုံးသီးချလို့ ငတရော်ရွာ နေအိမ် ၁ လုံးထဲ ဗုံးသီးကျပြီး အသက် ၃၆ နှစ် အရွယ် မစန်းဌေး ထိမှန် သေဆုံးသွားတယ်။ သေဆုံးသူ ရုပ်အလောင်းကို မီးသင်္ဂြိုလ်ပြီးပါပြီ ” ဟု ရေလယ်ကျွန်း သတင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။