33 C
Yangon

ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုထက်ပိုင်းစိုးကို စစ်တပ်က ထောင်ဒဏ် ၁၀ နှစ်ချမှတ်၊ ကျိုက်ထိုတွင် မူဆလင် လူငယ် ၁ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး

Must read

ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုထက်ပိုင်းစိုးကို စစ်တပ်က ထောင်ဒဏ် ၁၀ နှစ်ချမှတ်၊ ကျိုက်ထိုတွင် မူဆလင် လူငယ် ၁ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး

ရန်ကုန်၊ ဇွန် ၃၀

ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုထက်ပိုင်းစိုးကို စစ်တပ်က ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း ရန်ကုန် စီးပွားရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ရွာသာကြီးနယ်မြေ) ထံမှ သိရသည်။

ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန် စီးပွားရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုးကို ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ကိုထက်ပိုင်စိုးသည် ဧပြီလ ၂၁ ရက်နေ့တွင် လေးထောင့်ကန်လမ်းမပေါ်၌ မတရား ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀ ည ဖြင့် ရန်ကုန်တိုင်း အရှေ့ပိုင်း ခရိုင်တရားရုံးတွင် ရုံးတင်တရားစွဲဆို ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားရင်ဆိုင်ချိန်၌လည်း ဖိနှိပ်မှုနှင့် ခြိမ်းခြောက်မှုများ ရင်ဆိုင်ခဲ့ရပြီး တရားစွဲဆိုခံရချိန် ၁ နှစ်နှင့် ၂ လကျော်ပြီးနောက် အမိန့်ချမှတ်ရာတွင် အရပ်ဘက် တရားရုံးများတွင် အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်သည့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ကို အမှုတွဲဖြစ်သူ နွေးရတီတိုးနှင့်အတူ ချမှတ် ခံခဲ့ရခြင်း ဖြစ်ကြောင်း ရန်ကုန် စီးပွားရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ရွာသာကြီးနယ်မြေ) က ထုတ်ပြန်ထားသည်။

ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ တောင်ပိုင်းရပ်ကွက်တွင် မူဆလင် လူငယ် ၁ ဦးကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၉ ရက်နေ့ ည ၁၁ နာရီခန့်၌ အိမ်စီးကားများဖြင့် အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးသွားကြောင်း Kyaikhto Information Team ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article