36 C
Yangon

KNU တပ်မဟာ ၅ နယ်မြေ၌ ၃ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၅ ဦးသေဆုံး

Must read

KNU တပ်မဟာ ၅ နယ်မြေ၌ ၃ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၈

ကရင်ပြည်နယ်၊ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၅ တပ်မဟာနယ်မြေ၌ ဇွန်လ ၁ ရက် နေ့ မှ ၃ ရက်နေ့အထိ ၃ ရက်တာ တိုက်ပွဲ အတွင်း အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း KNU မူ တြော် သတင်းစဉ် ထံမှ သိရသည်။

ဇွန်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် မောဖိုးကျိုးတွင်အခြေချနေထိုင်သည့် အကြမ်းဖက်စစ်ကောင်စီ တပ် သားများကို KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၅ တပ်မဟာ စစ်သည်တော် များက ရှောင်တခင်ဝင်‌ရောက် တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၂ ရက်၊ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခေါပူစခန်းအား လျှပ်တ ပြက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးသွားခဲ့ပြီး မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်မှ မွန်းလွဲ ၂ နာရီ ၁၁ မိနစ်အထိ ယိုဒိုခိုဒေသရှိ ဘီဆာခီး စခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁ ရက်နေ့တွင် လူသောမြို့နယ်၊ ဘူးသိုမြို့နယ်နှင့် ဒွယ်လိုးမြို့နယ်အတွင်းသို့ ကျူးကျော်စခန်းချ နေထိုင်သော အကြမ်းဖက်စစ်သားများကို ၅ ကြိမ်တိတိ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ၃ ရက်တာ တိုက်ပွဲများအတွင်း KNLA တပ်ဖွဲ့ဝင်များ အထိ အခိုက် မရှိ အောင်မြင်ခဲ့ကြောင်း KNU တပ်မဟာ ၅ မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- KNU တပ်ဖွဲ့ဝင်တစ်ဦး။

Photo- Agency ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article