36 C
Yangon

KNU တပ်မဟာ ၆ နယ်မြေတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၉ ဦးသေဆုံး

Must read

KNU တပ်မဟာ ၆ နယ်မြေတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၉ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၃

တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် ရေးမြို့အစပ်ရှိ KNU တပ်မဟာ ၆ နယ်မြေတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ ၆ တပ်ရင်း ၂၇ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေ ၃၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် သဲချောင်းရွာနှင့် လှည်းဂိတ်ရွာ အကြားရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၈၂ ၊ ခမရ ၁၀၄ တပ်ရင်းမှ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် မေ ၃၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်မှ စတင်ပြီး ဇွန် ၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အထိ KNU တပ်မဟာ ၆ တပ်ရင်း ၂၇ ကို တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲ ပြင်းထန်ခဲ့​ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲသည် အကြမ်းဖက် စစ်တပ် ဘက်က KNU တပ်မဟာ ၆ တပ်ရင်း ၂၇ ကို ဝိုင်းပတ် တိုက်ခိုက်သော်လည်း စစ်တပ်ဘက်မှ စစ်သား ၉ ဦး သေဆုံးကာ ၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ KNUနှင့် PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂ ဦး ထိခိုက် ဒဏ်ရာရရှိပြီး လယ်ထွန်စက်ကြီး ၁ စီး၊ ကား ၁ စီးနှင့် ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်းတို ၁ လက် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း KNU တပ်မဟာ ၆ တပ်ရင်း ၂၇ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရ စစ်သားများကို ဒေသပြည်သူများက ကျေးရွာ ဘုန်းကြီး ကျောင်းထဲကို ဝိုင်းဝန်း ပို့ဆောင်ပေးခဲ့ရကြောင်း၊ အဆိုပါ တိုက်ပွဲများကြောင့် မွန်ကျေးရွာမှ ဒေသပြည်သူများသည် အလယ်စခန်းကျေးရွာ နှင့် ရေးမြို့နယ် တောင်ပိုင်းက ၉ မိုင် ကျေးရွာဘက်ကိုထွက်ပြေးတိမ်းရှောင်ရကြောင်း ဒေသပြည်သူများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article