33 C
Yangon

ရေဖြူတွင် ကင်းလှည့်နေသည့် စစ်ကားကို မိုင်းဆွဲ တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံး

Must read

ရေဖြူတွင် ကင်းလှည့်နေသည့် စစ်ကားကို မိုင်းဆွဲ တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ကင်းလှည့်နေသော စစ်ကားကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ရေဖြူ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (YPPDF) ထံမှ သိရသည်။

ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၆ မိနစ်ခန့်တွင် ရေဖြူမြို့ဘက်မှ ကလိန်အောင်မြို့ သို့ ဦးတည်မောင်းနှင်လာသည့် အင်အား ၁၂ ဦးခန့်ပါ အကြမ်းဖက် စစ်တပ်၏ ကင်းလှည့်ကားကို ၄၁ မိုင် သံပုရာခြံအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ခမရ ၄၈၈ မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့ပြီး ကျန် ၄ ဦး အပြင်းအထန်း ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းထိမှန်ခဲ့သာ စစ်ကားမှာလည်း ခေါင်းပိုင်းပျက်စီးကာ မိုင်းဆွဲခဲ့သည့် နေရာတွင်ပင် တိမ်းမှောက်သွားပြီး စစ်ကားတစ်စီးဖြင့် လာရောက် ဆွဲယူသွားကြောင်း သိရှိရသည်။

သေဆုံးသွားသော စစ်သား အလောင်းများကို ကလိန်အောင်မြို့ နာရေးကူညီမှု အရေးပေါ်ကားများဖြင့် ပွိုင့်မီးမဖွင့် အသံမပါဘဲ အခင်းဖြစ်နေရာမှ ကလိန်အောင်မြို့ဆေးရုံသို့ သယ်ဆောင်သွာပြီး ယင်းမှတစ်ဆင့် အုန်းပင်ကွင်းရွာ မောရဝတီရေတပ် ဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ကလိန်အောင်မြို့ အခြေစိုက် ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLASB,LPDF)၊ ကော်သူလေးအာမီ (KTLA) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကျောက်ရှပ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၂ ဦးလက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ကလိန်အောင် – ရေဖြူ လမ်းပိုင်းကို နံနက် ၅ နာရီမှ ည ၈ နာရီ အထိသာ သွားလာကြရန် ရေဖြူ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (YPPDF) ကထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article