ကြာအင်းဆိပ်ကြီး ခလရ ၃၂ တပ်ရင်းနှင့် ကျိုက်မရော ချေင်းနှစ်ခွရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးဟုဆို
ရန်ကုန်၊ ဇူလိုင် ၁
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ကြောင်း Alpha Bats (Fixed Wing) Drone တပ်ဖွဲ့ (နဂါးနီစစ်ကြောင်း )မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြော ကြားသည်။
ဇွန်လ ၂၇ ရက်နေ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ရင်း ခလရ ၃၂ အတွင်းရှိ အကြမ်းဖက်စစ်သားများကို ဒရုန်း ဖြင့်ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ကတုတ်ကျင်းနှင့် ရာဘာပင်များ အတွင်း သို့ ကျရောက်ပေါက် ကွဲပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ အလားတူ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းကို ဗုံးသီး ၅ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိ ရသည်။
“တပ်ထဲက ပုန်းနေတဲ့နေရာတွေမှာ ကျကွဲခဲ့တာ၊ ရာဘာပင်အောက်မှာရယ်၊ ကတုတ်ကျင်းထဲမှာရယ် ပုန်းနေကြတာ၊ အခုနောက်ဆုံးသိရတာက ၂ ယောက် သေတယ်လို့သိရတယ်၊ ပြန်ပစ်တာတော့ရှိတယ်၊ ကျိုက်မရော၊ ချောင်းနှစ်ခွ ရဲစခန်း မှာက ဗုံးသီး ၅ လုံးလောက်ချခဲ့တယ်၊ ရဲစခန်းအပေါ်တည့်တည့်ကျ တယ်၊ ကတုတ်ကျင်းထဲတွေကျတယ်၊ အဲဒီရဲစခန်းမှာတော့ ၄ ယောက်သေ တယ်လို့ ကြားတယ်၊ ရဲစခန်း မှာ တော့ ပြန်ပစ်တာမျိုးမရှိဘူး” ဟု Alpha Bats (Fixed Wing) Drone တပ်ဖွဲ့ (နဂါးနီစစ်ကြောင်း )မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Alpha Bats (Fixed Wing) Drone တပ်ဖွဲ့ (နဂါးနီ စစ်ကြောင်း )၊ KNDO-တပ်ရင်း ၆ နှင့် မဟာမိတ်တပ်တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

