ကနီမြို့နယ်တွင် ကျေးရွာ ၂၄ ရွာမှ အသက် ၂ နှစ်မှ ၈ နှစ်အရွယ် ကလေး ၁၇၄၄ ဦးကို သံချဆေးတိုက်ကျွေး
ရန်ကုန်၊ ဇူလိုင် ၁
ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု နှင့် ဒေသခံပြည်သူများ ဦးဆောင်၍ ဇွန်လ ၂၈ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၁ ရက်နေ့အထိ ကနီမြို့နယ်ရှိ ကျေးရွာ ၂၄ ရွာကို လှည့်လည်၍ အသက် ၂ နှစ်မှ ၈နှစ်အရွယ်ကလေးသူငယ် ၁၇၄၄ ဦးကို သံချဆေး တိုက်ကျွေးခဲ့သည်။


