Khit Thit သတင်းဌာန၏ ဇူလိုင် ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၁ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက်စစ်အုပ်စုလက်အောက်တွင် BGF အဖြစ်ရပ်တည်ခဲ့တဲ့ ကရင်နီ ပြည်လူမျိုးပေါင်းစုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (ကလလတ) အနေနဲ့ NUG အစိုးရ၊ တော်လှန်ရေးအဖွဲ့အားလုံးနှင့် လက်တွဲသွားပြီး စစ်ကောင်စီကို တော်လှန်မယ်လို့ ကလလတမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
-မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ၁၂ ဘီးကား ၁ စီးကို တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေကနေ မိုင်းဆွဲတိုက်ခိုက်ပြီး ၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ၄ ဦးသေသွားတယ်လို့ ABSDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
– ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အတွင်းမှာ မြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်းတပ် ဖွဲ့တွေဆီကို လာရောက်နိုင်တဲ့ ရွာချင်းဆက်လမ်းတွေကို စစ်ကောင်စီတပ်တွေက လိုက်လံဖျက်ဆီး ဖြတ်တောက်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။