26 C
Yangon

ချောင်းဦး-ပခုက္ကူ လမ်းခွဲအနီး စစ်သားဟောင်း ၁ ဦးကို စစ်တပ်က နေအိမ်၌ လာခေါ်ပြီး သေနတ်ဖြင့် ပစ်သတ်၊ ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး

Must read

ချောင်းဦး-ပခုက္ကူ လမ်းခွဲအနီး စစ်သားဟောင်း ၁ ဦးကို စစ်တပ်က နေအိမ်၌ လာခေါ်ပြီး သေနတ်ဖြင့် ပစ်သတ်၊ ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁

မကွေးတိုင်း ချောင်းဦး-ပခုက္ကူလမ်းခွဲ အနီးတွင် နေထိုင်သည့် စစ်သားဟောင်း ဦးကျော်လွင်ကို ဇွန် ၃၀ ရက်နေ့၌ အကြမ်းဖက် စစ်တပ်မှ လာခေါ်၍ သေနတ်နှင့် ပစ်သတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

“သေနတ်နဲ့ ပစ်သတ်ခံရပါတယ် ဒဏ်ရာက ရင်ဘတ်တစ်ချက် ခေါင်းနှစ်ချက်ထိထားပါတယ်။ ကိုကျော်လွင်က စစ်မှုထမ်းဟောင်းပါ။အသက် ၅၀ ကျော်ရှိပါပြီ။စစ်မှုထမ်းဟောင်း ပြန်ခေါ်တာမသွားလို့ညက စစ်တပ်က လာခေါ်ပါတယ်။ အရပ်ဝတ်နဲ့ပါ။ ဒါပေမဲ့ အရာရှိတစ်ယောက်ကို မှတ်မိလို့ စစ်တပ်ကမှန်း သိတာ။ အပြင်သွားနေတာပြန်ရောက်ရောက်ချင်း အဝတ်လဲလိုက်ဦးမယ်ပြောတာတောင် လက်မခံဘဲ အခုချက်ချင်းလိုက်ခဲ့ဖို့ ခေါ်ပါတယ်။ ခေါ်သွားပြီးသေနတ်သံတွေကြားရပါတယ်။ မနက်မိုးလင်း သူ့အမျိုးသမီး အပြင်သွားကြည့်တော့ ပန်းခြံထဲမှာ ခေါင်းပွင့်ဒဏ်ရာနဲ့ သေဆုံးနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်သည် ဦးကျော်လွင်အိမ်သို့ အရေးပေါ်ကားနှင့် အရပ်ဝတ်ဝတ်၊ Mask တပ်၍ လာခြင်း ဖြစ်ကြောင်း၊ ဦးကျော်လွင်ကို လာခေါ်ချိန်တွင် မိသားစုဝင်များကို ဒူးထောက်ပြီး နောက်ကျောပေးနေခိုင်းကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဦးကျော်လွင်ကို အကြမ်းဖက်စစ်တပ်မှ မေးစရာရှိ၍ ခဏလိုက်ခဲ့ဟူ၍ ခေါ်သွားပြီးမှ သတ်ပစ်ခြင်း ဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် ပစ်သတ်သည်ကို မသိရှိရဘဲ စစ်မှုထမ်းဟောင်း ပြန်ခေါ်သည်ကို မသွား၍ သတ်ပစ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသပြည်သူများက ပြောပြသည်။

ထို့ပြင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၇ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ကျောက်တံခါးမြို့နယ်၊ ဗောဓိကွင်း ကျေးရွာနှင့် စဥ်းအိုးလှ ကျေးရွာတို့ကို ကျောက်တံခါးမြို့ပေါ်၌ အထိုင်ချ တပ်စွဲထားသော အမြှောက်တပ် ခလရ ၃၀၇ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁၄ လုံးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဗောဓိကွင်း ကျေးရွာနေမှ အသက် ၃၅ နှစ်အရွယ် ကိုဘောသူနှင့် စဥ်းအိုးလှကျေးရွာမှ အသက် ၂၅ နှစ်အရွယ် ကိုနေလင်းအောင်တို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး သင်္ဃန်းချောင်းရွာမှ ပြည်သူ ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေက ၁၂၀ မမတွေနဲ့ကို ရွာထဲပစ်ထည့်တာ စဥ့်အိုးလှရွာက ကိုနေလင်းအောင်နဲ့ ဗောဓိကွင်းရွာက ကိုဘောသူတို့ ၂ ဦးသေဆုံးတယ်။ ကျန်တဲ့ သင်္ဃန်းချောင်းရွာက ပြည်သူတွေလည်း ဒဏ်ရာရတယ်။ ကိုနေလင်းအောင် ရုပ်အလောင်းကို ဇွန်လ ၃၀ ရက်နေ့က မီးသင်္ဂြိုလ်လိုက်တယ်လို့ သိရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်ထိမှန်ပြီး သေဆုံးခဲ့သည့် စဥ့်အိုးလှရွာသား ကိုနေလင်းအောင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article