30 C
Yangon

ကျိုက်ထို၊ သံတံတားဂိတ်ရှိ စစ်သားများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ကျိုက်ထို၊ သံတံတားဂိတ်ရှိ စစ်သားများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီလင်းမြို့နယ်ဆက်သွယ်ထားသော သံတံတားစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်သားများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Kyaikhto Information Organization မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၁ ရက်နေ့နှင့် ဇွန်လ ၃၀ ရက်နေ့တို့တွင် ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်သို့ ဆက် သွယ်ထားသည့် သံတံတား၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၁၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရ အကြမ်းဖက် စစ်သားများကို အရေးပေါ်ကားများဖြင့် ဝင်ရောက် သယ်ဆောင်ပြီး ကျိုက်ထိုမြို့နယ်ဆေးရုံသို့ ၃ ဦးပို့ဆောင်ထားကြောင်း သိရသည်။

“ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က ဒရုန်းနဲ့ ဗုံးကျဲခဲ့တာ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေပါပဲ၊ ကျိုက်ထိုဆေးရုံကို ၃ ယောက်ပို့ထားတယ်လို့ သိရတယ်၊ မနေ့က ဗုံးကျဲမှုမှာ စစ်ခွေး ၄ ဦး အနည်း ဆုံးသေတယ်လို့ သိရတယ်” ဟု Kyaikhto Information Organization မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ သံတံတားရှိအကြမ်းဖက်စစ်သားများကို ကျိုက်ထို တော်လှန် ရေးအင်အားစု- KRF ၊ KNLA ၊ PDF ၊ TPDF – KD၊ Yangon Eagle Forceနှင့် ကျိုက်ထိုပကဖ တို့ ပူးပေါင်းအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း KRF က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article