28 C
Yangon

မော်လိုက်တွင် စစ်တပ် တပ်စွဲထားသော နေရာကို ဝင်ရောက် တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၁၀ ဦးသေဆုံး၊ ကလေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၀ ဦးသေဆုံး

Must read

မော်လိုက်တွင် စစ်တပ် တပ်စွဲထားသော နေရာကို ဝင်ရောက် တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၁၀ ဦးသေဆုံး၊ ကလေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၀ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် စစ်တပ် တပ်စွဲထားသော နေရာကို ဝင်ရောက် တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၁၀ ဦးသေဆုံး သေဆုံးကြောင်း NUG အစိုးက ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဇွန်လ ၃၀ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ- ၃၆၅၊ ခမရ-၃၆၆၊ ရဲနှင့် ပျူစောထီး ၅၀ ခန့်ပါ စစ်ကြောင်းသည် မော်လိုက်မြို့နယ် တောင်းအင်ရွာအနီး တပ်စွဲထားစဥ် ကာကွယ်ရေး တပ်ဖွဲ့များက အင်အား ၈၀ ဖြင့် ဝင်ရောက် တိုက်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် စခန်းကို သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ သုံးပွင့်ဗိုလ် ၁ ဦး အပါအဝင် ၁၀ ဦးခန့် သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်း ရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၉ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ၂ ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ကလေးမြို့မှ လာသော Mi-35 ဖြင့် နံနက် ၈ နာရီခန့်မှ ၈ နာရီ ၃၀ မိနစ်ထိ ၁ ကြိမ်၊ နံနက် ၁၁ နာရီ ၁၀ မိနစ်မှ နံနက် ၁၁ နာရီ ၃၀ မိနစ်ထိ ၁ ကြိမ်၊ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်မှ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ထိ ၁ ကြိမ်၊ တံတားဦးမှလည်း မွန်းလွဲ ၁၂ နာရီမှ ၁၂ နာရီ ၁၅ မိနစ်ထိ စုစုပေါင်း လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း NUG အစိုးက ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဇွန်လ၂၉ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ ကလေးမြို့နယ်၊ သာစည်ရွာအနီးတွင် မြို့သာမှ လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၇၀ ခန့်ပါ စစ်ကြောင်းကို ကလေးခရိုင် တပ်ရင်း ၄၊ ၅၊ ၆၊ Vakok-CNDF၊ ကလေးမြို့နယ် ပကဖ၊ ကလေးမြို့ပြ စီမံချက် UG အဖွဲ့တို့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ကျော် ထိခိုက် သေဆုံးခဲ့ပြီး စစ်တပ်က သာစည်ရွာ အရှေ့ဘက်ရှိ နေအိမ် ၁၄ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article