30 C
Yangon

မော်လိုက်တွင် စစ်တပ်၏ စခန်းကုန်းကို သိမ်းပိုက်ရရှိပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၀ ဦးသေဆုံးကာ လက်နက် အမြောက်အများ သိမ်းဆည်းရမိ

Must read

မော်လိုက်တွင် စစ်တပ်၏ စခန်းကုန်းကို သိမ်းပိုက်ရရှိပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၀ ဦးသေဆုံးကာ လက်နက် အမြောက်အများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဇူလိုင် ၁

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် စစ်တပ် တပ်စွဲထားသော နေရာကို ဝင်ရောက် တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၁၀ ဦးသေဆုံး သေဆုံးကြောင်း NUG အစိုးက ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဇွန်လ ၃၀ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ- ၃၆၅၊ ခမရ-၃၆၆၊ ရဲနှင့် ပျူစောထီး ၅၀ ခန့်ပါ စစ်ကြောင်းသည် မော်လိုက်မြို့နယ် တောင်းအင်ရွာအနီး တပ်စွဲထားစဥ် ကာကွယ်ရေး တပ်ဖွဲ့များက အင်အား ၈၀ ဖြင့် ဝင်ရောက် တိုက်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် စခန်းကို သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ သုံးပွင့်ဗိုလ် ၁ ဦး အပါအဝင် ၁၀ ဦးခန့် သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်း ရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၉ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ၂ ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ကလေးမြို့မှ လာသော Mi-35 ဖြင့် နံနက် ၈ နာရီခန့်မှ ၈ နာရီ ၃၀ မိနစ်ထိ ၁ ကြိမ်၊ နံနက် ၁၁ နာရီ ၁၀ မိနစ်မှ နံနက် ၁၁ နာရီ ၃၀ မိနစ်ထိ ၁ ကြိမ်၊ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်မှ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ထိ ၁ ကြိမ်၊ တံတားဦးမှလည်း မွန်းလွဲ ၁၂ နာရီမှ ၁၂ နာရီ ၁၅ မိနစ်ထိ စုစုပေါင်း လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်ထံမ​ျေ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်း ပစ္စည်းစာရင်း

(၁) MA-7 ၆၀ မမ စိန်ပြောင်းအရှည် (၁) လက်

(၂) BA-100 ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း (၁) လက်

(၃) MA-10 RPG (၁) လက်

(၄) MA 1 (၁) လက်

(၅) MA 2 (၁) လက်

(၆) BA-64 (၁) လက်

(၇) .30 M1 ကာဘိုင် (၁) လက်

(၈) .30 M1 ကာဘိုင်ကျည် (၂၇) တောင့်

(၉) ၅.၅၆ ကျည် (၅၁၂) တောင့်

(၁၀) ၇.၆၂ ကျည် (၃၀၈) တောင့်

(၁၁) ၅.၅၆ MA ကျည်အိမ် (၁၂) ခု

(၁၂) ၇.၆၂ BA-64 ကျည်အိမ် (၂) ခု

(၁၃) .30 M1 ကာဘိုင်ကျည်အိမ် (၁) ခု

(၁၄) BA 109 လက်ပစ်ဗုံးသီး (၁၅) လုံး

(၁၅) MM-5 ရှေ့ထွက်မိုင်း (၂) လုံး

(၁၆) M-14 နင်းမိုင်း (၁၅) လုံး

(၁၇) MM-3 တိုက်မိုင်း (၃၄) လုံး

(၁၈) တိုက်မိုင်းကြိုး (၂၇) ခု

(၁၉) Detonator (၂၁) ခု

(၂၀) ၆၀ မမ ပို့ယမ်း (၉၀) ခု

(၂၁) RPG ဗုံးသီး (၂၀) လုံး

(၂၂) RPG ပို့ကျည် (၁၈) ခု

(၂၃) အဝေးကြည့်မှန်ပြောင်း (၁) ခု

(၂၄) Jammer (၁) ခု

(၂၅) ယူနီဖောင်း (၁၈) ထည်

(၂၆) ဦးထုပ် (၆) လုံး

(၂၇) ကျောပိုးအိတ် (၇) လုံး

(၂၈) ကျည်ကာ (၂) ခု

(၂၉) ခါးပတ်ကြိုး (၄) ခု

(၃၀) ဓါးရှည် (၇) ချောင်း

(၃၁) အထိုင်ဖုန်း (၂) လုံး တို့ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article