27 C
Yangon

မန္တလေးတွင် ဆိုင်ကယ်နှင့်ကားများကို ဖမ်းဆီးငွေညှစ်သည့် ယာဉ်ထိန်းရဲ ဒုတပ်ကြပ် ချစ်ဇော်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

မန္တလေးတွင် ဆိုင်ကယ်နှင့်ကားများကို ဖမ်းဆီးငွေညှစ်သည့် ယာဉ်ထိန်းရဲ ဒုတပ်ကြပ် ချစ်ဇော်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဆိုင်ကယ်နှင့်ကားများကို ဖမ်းဆီးပြီး ငွေညှစ်လေ့ရှိသည့် ယာဉ်ထိန်းရဲ ဒုတပ်ကြပ် ချစ်ဇော်ဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း စစ်တပ်သတင်းများ၏ ဖော်ပြချက်နှင့် ဒေသပြည်သူများ၏ ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုချက်များအရ သိရှိရသည်။

ဇူလိုင် ၁ ရက်နေ့ ညနေ ၆ နာရီအချိန် အောင်မြေသာစံမြို့နယ်၊ ၂၆×၆၂ လမ်းထောင့်တွင် ဒုတပ်ကြပ် ချစ်ဇော်ဝင်းကို ဆိုင်ကယ်ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်သွားရာ ဒုတပ်ကြပ် ချစ်ဇော်ဝင်းမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ အဆိုပါ ယာဉ်ထိန်းရဲသည် မန္တလေးမြို့ခံဖြစ်ပြီး ဆိုင်ကယ်နှင့်ကားများကို ဖမ်းဆီး ငွေညှစ်လေ့ရှိသူဖြစ်ကြောင်း သိရှိရသည်။

“ဆိုင်ကယ်ပေါ်ကနေ ၃ ချက်ပစ်သွားတာ။ အပစ်ခံရတဲ့ ယာဉ်ထိန်းရဲကလည်း ရိုးရိုး အရပ်ဝတ်နဲ့ပဲ။ ဘောင်းဘီတိုနဲ့ တစ်ခါတည်း ပွဲချင်းပြီးပဲ။ သူက မန္တလေးသား။ ငွေအတောင်းကြမ်းတော့ နာမည်ကြီးတဲ့သူပဲ” ဟု မန္တလေး ကားကြီးဝင်းမှ ဒေသပြည်သူတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများလုပ်ဆောင်ခဲ့သော်လည်း ပစ်ခတ်သူများကို ဖမ်းဆီးရမိခြင်းမ ရှိဟု ရဲသတင်းရပ်ကွက်ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article