26 C
Yangon

ရန်ကုန်တွင် မီးပျက်မှု အခြေအနေဆိုးလာပြီး ရန်ကုန်အပြည်ပြည်ဆိုင် ရာ လေဆိပ် တွင်ပါ ညအချိန် မီးများပြတ်တောက်

Must read

ရန်ကုန်တွင် မီးပျက်မှု အခြေအနေဆိုးလာပြီး ရန်ကုန်အပြည်ပြည်ဆိုင် ရာ လေဆိပ် တွင်ပါ ညအချိန် မီးများပြတ်တောက်

■ မှောင်မည်းနေသော ရန်ကုန်လေဆိပ်တွင် နိုင်ငံတကာလေယာဉ်များမှ ဆိုက်ရောက်ခရီးသည်များ ဖုန်းမီးများဖြင့် ဖွင့်၍ သွားလာရ

ရန်ကုန်၊ ဇူလိုင် ၂

ရန်ကုန်တွင် မီးပျက်မှု အခြေအနေ ဆိုးဝါးလာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်ပါ ယမန်နေ့ညပိုင်း မီးများ ပြတ်တောက်သွားခဲ့ကြောင်း ရန်ကုန် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နွေရာသီကာလမှစတင်ပြီး မီးများ အလှည့်ကျပေးခဲ့ပြီး မိုးများ ရွာသွန်းလာ ချိန်တွင် အနည်းငယ် မီးအလှည့်ကျ ပုံမှန်ပေးခဲ့သော်လည်း ဇွန်လနှောင်ပိုင်း မှစတင်၍ မီးများ ပြတ်တောက်မှု ပြန်လည် ဆိုးရွားလာကြောင်း၊ အထူးသဖြင့် ယမန်နေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်ပါ မီးများပြတ် တောက် သွားခဲ့သဖြင့် နိုင်ငံတကာလေယာဉ်များမှ ဆိုက်ရောက်ခရီးသည် များမှာ ဖုန်းမီးများဖွင့်၍ ကားငှားရခြင်း၊ လူဝင်မှုကြီးကြပ်မှုဆိုင်ရာ စာရွက် စာတမ်းများကို ရှင်းလင်းဖြတ်သန်းရကြောင်း ရန်ကုန်ပြည်သူတချို့ထံမှ သိရှိရသည်။

“မနေ့ညက ရန်ကုန်လေဆိပ်မှာ မီးပြတ်သွားတယ်။ ကားငှားတာက အစ ဖုန်းမီးလေးတွေ ဖွင့်ပြီး လ၀က ဖြတ်တာကအစ ဖုန်းမီးဖွင့်လုပ်ရတယ်လို့ ပြောတယ်။ ရန်ကုန်လေဆိပ်ပါ မီးပြတ်တော့ စဉ်းစားသာကြည့်တော့ ဒီနိုင်ငံက ဘယ်လောက်အထိ စုတ်ပြတ်သွားလဲဆိုတာ” ဟု ရန်ကုန်လေဆိပ်တွင် Grab Taxi ဆွဲသူ အငှားယာဉ်မောင်းတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့၊ သာကေတမြို့နယ်တွင် နေထိုင်သူ ပြည်သူတစ်ဦးကလည်း ယခု ၃ ရက်၊ ၄ ရက်အတွင်း မီးများ အလွန်ပြတ်လာပြီး အချိန်မှန်မဟုတ်တော့ဘဲ ပြတ်ချင်သည့် အချိန်ပြတ်နေကြောင်း ပြောဆိုသည်။

“မိုးရွာရင် ရေအားလျှပ်စစ်ရရင် မီးပိုရမယ်ထင်တာ။ အခုက ၃ ရက်၊ ၄ ရက်ရှိပြီ။ မီးတွေ တအားပြတ်တာ။ ပြတ်ချင်သလို ပြတ်တယ်။ မနေ့ညကလည်း ညနေ ၆ နာရီလောက်ကတည်းက ပြတ်တာ ည ၁၂ နာရီလောက်အထိ ပြန်မလာဘူး။ အခုမနက်လည်း မလာဘူး။ မိုးကမရွာ၊ လူတွေက ပူလောင် အိုက်စပ်နေတာ” ဟု သာကေတမြို့နယ်တွင် နေထိုင်သူ ပြည်သူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ကမူ သာကေတဓာတ် အားပေး စက်ရုံရှိ 230kV Bus နှင့် Bus D/S ကြား ကြိုးလွန်းပြတ်ခြင်းအား အရေး ပေါ်ပြုပြင်ခြင်းကို ဇူလိုင်လ ၂ ရက်နေ့ နံနက် ၆ နာရီမှ ၈ နာရီ အချိန် အထိ ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်နှင့် ဗဟန်းမြို့နယ်များ၏ နေရာအချို့တို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုရှိမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဓာတ်ပုံ- ယမန်နေ့ညပိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လျှပ်စစ်မီး များ ပြတ်တောက်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article