26.6 C
Yangon

အမေရိကန်ပြည်ထောင်စု ယူတီကာမြို့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေး ထောက်ပို့ မိသားစုများ တွေ့ဆုံ

Must read

အမေရိကန်ပြည်ထောင်စု ယူတီကာမြို့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေး ထောက်ပို့ မိသားစုများ တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၂

အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ယူတီကာမြို့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေး ထောက်ပို့ မိသားစုများ တွေ့ဆုံခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ယူတီကာမြို့တော်ဝန်​၏ ကိုယ်စားလှယ် Marques Phillips မှ ဂုဏ်ပြုစကားပြောကြားပြီး သံအမတ်ကြီးအတွက် ယူတီကာမြို့တော်ဝန်​၏ ဂုဏ်ပြုမှတ်တမ်းကိုပေးအပ်ခဲ့ကြောင်း၊ Munson Museum မှ တာဝန်ခံ John Murphy, Redeemer International Church မှ Pastor Paul Schilling, UKC မှကိုယ်စားလှယ် Daniel, Senator Kirsten Gillibrand ကိုယ်စား ၎င်း​၏ Deputy Director Isabella Moo-Garcia တို့တက်ရောက်ပြီး သံအမတ်ကြီးနှင့် နွေဦးတော်လှန်ရေး ထောက်ပို့မိသားစုများကို ကြိုဆိုနှုတ်ခွန်းစကားများပြောကြားခဲ့ကာ ဧည့်ပရိသတ်များ၊ နွေဦးတော်လှန်ရေးထောက်ပို့ မိသားစုများကို သံအမတ်ကြီးမှ ကျေးဇူးတင်စကားနှင့်အတူ တော်လှန်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

ထောက်ပို့ ကိစ္စများကို ယူတီကာအခြေစိုက် United Hands for New Myanmar မှ founder မသီတာမှ ရှင်းလင်းတင်ပြခဲ့ပြီး ယူတီကာရှိ မြန်မာပြည်ဖွားများတင်ဆက်ပြသသော နွေဦးတော်လှန်ရေး ထောက်ပို့အော်ပရာ အစီအစဉ်ဖြင့် ဖျော်ဖြေခဲ့ကြကြောင်း၊ တက်ရောက်လာသူများ​၏မေးခွန်းများကိုလည်း သံအမတ်ကြီးမှပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

Photo by – Kyaw Soe Latt, Terry Win, Moe War War Moe.

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article