30 C
Yangon

လက်ပံတန်းရှိ ရဲစခန်းနှင့် လောင်းကစားဝိုင်းကို PDF တပ်ဖွဲ့က တစ်ပြိုင်တည်း ဝင်ရောက် ပစ်ခတ်မှု ရဲနှင့် ပျူစောထီး ၄ ဦးသေဆုံး

Must read

လက်ပံတန်းရှိ ရဲစခန်းနှင့် လောင်းကစားဝိုင်းကို PDF တပ်ဖွဲ့က တစ်ပြိုင်တည်း ဝင်ရောက် ပစ်ခတ်မှု ရဲနှင့် ပျူစောထီး ၄ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်း ရဲစခန်းနှင့် လောင်းကစားဝိုင်းကို PDF တပ်ဖွဲ့က တစ်ပြိုင်တည်း ဝင်ရောက် ပစ်ခတ်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၄ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁ ရက် ည ၁၀ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်း တိုက်နယ် ရဲစခန်းနှင့် ဘူတာရုံ အကြားရှိ လောင်းကစားဝိုင်းကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရွှေတန်းမြေPDF) မှ တစ်ပြိုင်နက်ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ် တိုက်ခိုက်မှု အတွင်း လောင်းကစားဝိုင်း၌ လုံခြုံရေး ယူထားသည့် ရဲတပ်ကြပ် ကျော်ကျော်မြင့်၊ ရဲတပ်ကြပ်ကြီး (နယ်ထိန်း) အောင်ခိုင်၊ ပျူစောထီး ကြည်လွင်နှင့် ပျူစောထီး အေးမင်းတို့ ၄ ဦးသေဆုံးပြီး ပျူစောထီး မောင်မောင်ညွှန့်၊ ပျူစောထီး ချစ်ကိုဦး အပါအဝင် ၅ ဦးထက်မနည်း စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

” ညက ပစ်တာ ရဲ ၂ ကောင်နဲ့ ပျူစောထီး ၂ ကောင်သေတယ်။ ပစ်ခတ်မှု ဖြစ်တဲ့အချိန်မှာ ရဲတပ်သား သန်းဇော်ဦး လည်း ကျည်ထိသွားတယ်။ သူထိသွားတာလဲ မြင်လိုက်တယ်။ သူ့သတင်းတော့ အခုအချိန်ထိ မကြာရသေးဘူး” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article