Khit Thit သတင်းဌာန၏ ဇူလိုင် ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၃ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီက ရွှေ နဲ့ ဒေါ်လာ စျေးနှုန်းမြင့်တက်လာမှုကို တားဆီးဖို့ အတွက် စီးပွားရေး သမားတွေ ၊ လုပ်ငန်းရှင်တွေ နဲ့ ဒေါ်လာဝယ်ရောင်းလို့ နာမည်ထွက်တဲ့သူ အယောက် ၁၀၀ နီးပါးကို စျေးကစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထပ်မံဖမ်းဆီးစစ်ဆေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ကောကမ်းကျေးရွာအနီးက တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီ တပ်က အရာရှိ ကြီးတစ်ဦးအပါအဝင် သေဆုံးဒဏ်ရာရသူ စုစုပေါင်း အယောက် ၃၀ နီးပါးရှိတယ်လို့ Homalin People’s Defense Force – HPDF 124 ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စက်ဘီး နဲ့ ဆိုင်ကယ် တိုက်မိရာကနေ ဆိုင်ကယ် ပိုင်ရှင် ဦးနေမျိုးထက် ဆိုသူကို အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။