31 C
Yangon

KNU ဝင်းရေးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

KNU ဝင်းရေးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇူလိုင် ၃

KNU ဝင်းရေးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၈ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်၏ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာ အခြေစိုက် အမြောက်တပ် ၃၁၈ က ၁၂၂ ဟောင်ဝစ်ဇာအမြောက်များ၊ ၁၂၀ မမ စိန်ပြောင်းများဖြင့် ခလယ်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ ပုလိန်မြို့ဟောင်းနှင့် ငြိမ်းချမ်းမြိုင်ရွာတို့ကို ပစ်ခတ်ခဲ့ပြီး ကျေးရွာအနီးနား ဝန်းကျင် ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် အမတ ၃၁၈ က ပုလိန်မြို့ဟောင်းကျေးရွာအတွင်း ၁၂၂ ဟောင်ဝစ်ဇာ အမြောက်များနှင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က အရပ်သားများကို ပစ်မှတ်ထားပြီး ကျေးရွာအနီးအနား ဝန်းကျင်ကို အမြောက်ကြီးများနှင့် အချိန်မရွေး ပစ်ခတ်ခဲ့သောကြောင့် ပုလိန်၊ ခလယ်၊ တံခွန်တိုင်နှင့် နန်းသိုင်းထွန်ကျေးရွာမှ ပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသ ပြည်သူများ စားဝတ်နေရေး ခက်ခဲမှုရှိလာခြင်းကြောင့် မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အကူအညီများလည်း လိုအပ်လျက်ရှိကြောင်း၊ ဇွန်လ ၁၉ ရက်နေ့ကလည်း အဘစ်အမြောက်တပ်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်များ တံခွန်တိုင်ကျေးရွာထဲသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၆ နှစ်ခန့်ကလေးတစ်ဦးနဲ့ အသက် ၁၈ နှစ်အရွယ်လူငယ်တစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး လွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရသည့် ဒေသ ပြည်သူများကို အကူအညီ ပေးနိုင်ရေး အတွက် ဒုစစ်ဒေသခွဲမှူးရုံးအနေနှင့် ဝင်းရော်ဒေသ အရေးပေါ် စစ်ရှောင်ကူညီရေးကော်မတီ (အောက်ပိုင်း)တို့ ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article