24 C
Yangon

သရက်ချောင်းမြို့နယ်၊ ရငဲရွာတွင် တပ်စွဲထားသည့် ခမရ-၄၀၃ တပ်မှ တပ်ကြပ် ကြီး မြဖုန်းရှိန်ကို PDF က ဖမ်းဆီးရမိခဲ့စဉ် သေနတ်လုသဖြင့် ကျည်ထိမှန် သေဆုံး

Must read

သရက်ချောင်းမြို့နယ်၊ ရငဲရွာတွင် တပ်စွဲထားသည့် ခမရ-၄၀၃ တပ်မှ တပ်ကြပ် ကြီး မြဖုန်းရှိန်ကို PDF က ဖမ်းဆီးရမိခဲ့စဉ် သေနတ်လုသဖြင့် ကျည်ထိမှန် သေဆုံး

ရန်ကုန်၊ ဇူလိုင် ၄

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာတွင် တပ်စွဲထားသည့် ခမရ-၄၀၃ တပ်မှ တပ်ကြပ်ကြီး မြဖုန်းရှိန်ကို PDF က ဖမ်းဆီးရမိခဲ့စဉ် သေနတ်လုသဖြင့် ကျည်ထိမှန်သေဆုံးသွားကြောင်း Dawei Information Centerမှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုသည်။

ဇွန်လ ၂၈ ရက်နေ့ ည ၇ နာရီကျော်အချိန် ခမရ-၄၀၃ တပ်မှ တပ်ကြပ်ကြီး မြဖုန်းရှိန်ကို ကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်းတပ်ခွဲ ၃ ရဲဘော်များက ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးခဲ့ကြောင်း၊ ၆ ရက်အကြာ စစ်ဆေးမေးမြန်းပြီးနောက် သက် ဆိုင် ရာ တာဝန်ရှိသူများထံသို့ ပို့ဆောင်အပ်နှံရန် ခေါ်ဆောင်လာစဉ် တပ်ကြပ် ကြီး မြဖုန်းရှိန်က လက်နက် ဝင်လုပြီး ကျည်ထိမှန် သေဆုံးသွား ကြောင်း ကစယ်ဒိုဖယ်ဒရယ် စစ်ကြောင်းမှအဖွဲ့ဝင်​တစ်ဦးကဆိုသည်။

“သူ့ ကိုမိတုန်းက ကျွန်တော်တို့ အေးဆေး စစ်မေးပါတယ်။ သူကလည်း ရွာတွေ ကို မီးရှို့တာ၊ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးတာ၊ ရငဲရွာမှာတပ်စွဲနေထိုင်တာ ဝန်ခံခဲ့ပါတယ်။ စစ်မေးပြီး လို့ ဥပဒေအတိုင်း အရေးယူဖို့ တာဝန်ရှိသူတွေ ထံသို့ခေါ်ဆောင်လာစဥ် လမ်းမှာ သူက သေနတ်ကိုထလုပြီး ခုခံထွက် ပြေးပါတယ်။ကျွန်တော်တို့လည်း ပြန်ခုခံရင်းသူ့ကို သေနတ်နဲ့ ပစ်မိခဲ့တယ်။ သိပ်မကြာခင်မှာ တပ်ကြပ်ကြီး သွေးထွက်လွန်သေဆုံးခဲ့တယ်”ဟု ကစယ်ဒို ဖယ်ဒရယ် စစ်ကြောင်းမှအဖွဲ့ဝင်​တစ်ဦးကဆိုသည်။

တပ်ကြပ်ကြီး မြဖုန်းရှိန်ကို ဖမ်းမိခဲ့​စဥ်က ရွှေဆွဲကြိုး ၁ ကုံး၊ရွှေလက်စွပ် ၁ ကွင်း၊ရွှေနားကပ် ၁ ရံ၊ နာရီ ၁ လုံး၊ WY တံဆိပ်ပါစိတ်ကြွဆေး ၅၇၆ လုံး၊ ငွေ ၃၅၄၈၀၀ ကျပ်၊ ဖုန်း ၆ လုံးကို ၎င်းထံမှ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

သရက်ချောင်းအခြေစိုက်ခမရ-၄၀၃၊ ၄၀၄၊ ၄၀၅ တပ်ရင်းများမှ စစ်ကြောင်း များသည် ကနက်သီရိရွာနှင့်ရငဲရွာမှ ပြည်သူနေအိမ်များစွာကိုမီးရှို့ဖျက်ဆီး၍ ရငဲရွာ နှင့် ကမြိုင်ရွာတို့၌ တပ်စွဲထားကြကြောင်း၊ ဒေသပြည်သူများမှာလည်း ယနေ့အချိန်ထိစစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article