25 C
Yangon

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် ဓားစာခံ အဖြစ် ဖမ်းဆီးလာသော PDF ရဲဘော်တစ်ဦးနှင့် ပြည်သူတစ်ဦး ကို စစ်တပ်က ပစ်သတ်

Must read

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် ဓားစာခံ အဖြစ် ဖမ်းဆီးလာသော PDF ရဲဘော်တစ်ဦးနှင့် ပြည်သူတစ်ဦး ကို စစ်တပ်က ပစ်သတ်

ရန်ကုန်၊ ဇူလိုင် ၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း ကော့ရွာနှင့် တအုံရွာကြားတွင် ဓားစာခံ ဖမ်းဆီးလာသော PDF ရဲဘော်တစ်ဦးနှင့် ပြည်သူ တစ်ဦးကို အကြမ်း ဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ ကြောင်း Myanmar Defense Force – Shwebo မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁ ရက်နေ့ အကြမ်းဖက်စစ်တပ် ကင်းပုန်းနှင့် တိုးကာ ဖမ်းဆီးခံရသော Myanmar Defense Force – Shwebo မှ ရဲဘော် ဟိန်းဝေအောင်(ခ) စပိနှင့် အမည်မသိ အမျိုးသား ပြည်သူ တစ်ဦးတို့ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့ ကြောင်း၊ ယင်းနောက် ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းသို့ စစ်ကြောင်းထိုးခဲ့ပြီး ပြန်လည်ဆုတ် ခွာသွားစဉ် ဓားစာခံဖမ်းဆီးလာသူ ရဲဘော် ဟိန်းဝေအောင်(ခ) စပိနှင့် အမျိုးသားတစ်ဦးကို ပစ်ခတ် သတ် ဖြတ်ကာ အလောင်းကို စွန့်ပစ် ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နောက်တစ်ယောက်က အရပ်သားပြည်သူလား၊ ရဲဘော်လား၊ ဘယ်ကလဲ မသိရဘူးဗျ၊ လောလောဆယ် တော့ ပိုင်ရှင်မသိရသေးဘူး၊ ကျနော်တို့ ရဲ ဘော် ဟိန်းဝေအောင်(ခ) စပိက လွန်ခဲ့တဲ့ တစ်ပတ်လောက် က သူ့ရွာမှာပဲ ကင်းပုန်း နဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာ၊ တိုက်ပွဲမှာ ဖမ်းခံလိုက်ရတာ မဟုတ်ဘူး၊ ဖမ်းဆီး ခံလိုက် ရပြီးတော့ ရွှေဘို အရှေ့ဘက် စစ်ကြောင်း ထိုးတဲ့ အချိန်မှာ လူသားဒိုင်း လုပ်ပြီးခေါ်သွားတာ၊ သူတို့တွေကို ကော့ရွာ ရဲ့ အရှေ့ဘက် တအုံရွာရဲ့အနောက် ဘက်ကို ရောက်တဲ့အချိန်မှာ ပစ်သတ် ထားခဲ့တာပါ၊ သူ့ရဲ့အလောင်းကို သွားသယ် ပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးထားပါတယ်၊ “ ဟု Myanmar Defense Force – Shwebo မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

Myanmar Defense Force – Shwebo တပ်ဖွဲ့တွင် တာဝန် ကျေပွန်စွာထမ်း ဆောင်ရင်း ကျဆုံးခဲ့ရသည့် ရဲဘော် ဟိန်းဝေအောင်(ခ)စပိအား အာဇာနည် သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ရဲဘော်၏ တော်လှန်ရေး အတွက် ပေးဆပ်လိုက်ရသော အသက်နှင့်ခန္ဓာအချည်းနှီး မဖြစ်စေ ရန် ကျန် ရှိနေသော တပ်ဖွဲ့ဝင် ရဲဘော်များမှ စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ ဆက်လက်ထမ်းဆောင်သွား မည်ဖြစ်ကြောင်း Myanmar Defense Force – Shwebo တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article