31 C
Yangon

ရေစကြို ခလရ ၂၅၆ တပ်အတွင်း တပ်မမှူး အစည်းအဝေးလုပ်ရန် ပြင်ဆင်နေဆင် ဒရုန်း၊ လက်နက် ကြီး များဖြင့် တိုက်ခိုက်

Must read

ရေစကြို ခလရ ၂၅၆ တပ်အတွင်း တပ်မမှူး အစည်းအဝေးလုပ်ရန် ပြင်ဆင်နေဆင် ဒရုန်း၊ လက်နက် ကြီး များဖြင့် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြိုမြို့ရှိ ခလရ ၂၅၆ တပ်အတွင်း၌ တပ်မမှူး အစည်းဝေးလုပ်ရန် ပြင်ဆင်နေစဉ် ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ် ခတ် တိုက်ခိုက်ခဲ့ကြောင်း ရေစကြို PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြာသည်။

ယမန်နေ့ ဇူလိုင်လ ၃ ရက် နေ့လယ်ပိုင်း ခလရ ၂၅၆ တပ်အတွင်းရှိ ခန်းမ အတွင်း ၌ ပခုက္ကူမြို့ တပ်မ ၁၀၁ မှ တပ်မှူးလာရောက်ပြီး အစည်းအဝေး လုပ်ရန် ခန်းမအတွင်း၌ လူစုနေစဉ် ၆၀ မမလက်နက်ကြီး၊ လက်လုပ် လက်နက် ကြီး များအပြင် ဒရုန်းဖြင့် ဗုံးသီး အမြောက်အများ ပစ်ခတ်တိုက် ခိုက်ခဲ့ ကြောင်း၊ ဗုံးသီး အ မြောက် အများ တပ်ဝန်းအတွင်း ကျရောက်ပေါက် ကွဲပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။

“တစ်တပ်လုံးအစည်းအဝေးလုပ်ဖို့ ခန်းမထဲကိုလူစုနေတဲ့အချိန် မြေပြင်က လက်နက်ကြီးရော၊ ဒရုန်းနဲ့ ရော နှစ်ဖက်ညှပ် ပစ်ခဲ့တာ၊ ပစ်ခတ်ခဲ့တာတော့ တပ်ထဲကို တော်တော်များများ ကျတယ်လို့ သိရတယ်ဗျ၊ အသေအပျောက် ကတော့ တပ်ထဲမှာဆိုတော့ အသေးစိတ်မသိရဘူး၊၆၀ မမအစစ်နဲ့ကတော့ ၂ ချက်၊ အောက်က လက်လုပ်တွေလည်းပါတယ်၊ အပေါ်က ဒရုန်းနဲ့ကလည်း ၆၀ အစစ်တွေရောချတာဗျ၊ နာရီဝက် ၄၅ မိနစ်လောက်အထိတောက် လျှောက် ပစ်ခဲ့ တာ၊” ဟု ရေစကြို PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြာသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ)နှင့် သံမဏိ သိန်းငှက်ပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်အတွင်းမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့် အပြင် လက်နက်ကြီးဖြင့် ၃ ချက်ခန့်ပြန်လည်ပစ် ခတ်ခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article