28 C
Yangon

ဘုတ်ပြင်းတွင် ကင်းလှည့်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိ

Must read

ဘုတ်ပြင်းတွင် ကင်းလှည့်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၅

တနင်္သာရီတိုင်း၊ဘုတ်ပြင်းမြို့နယ်တွင် ကင်းလှည့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၅ ဦး သေ ဆုံး ပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ဇူလိုင် ၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် ဘုတ်ပြင်းမြို့နယ်၊ စစ်ကားသုံးစီးပါ ယာဉ်တန်းကို ခြုံခို တိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်မှုတစ်နာရီနီးပါး ကြာမြင့်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိပြီး လက်နက် ၃ လက်ရရှိကြောင်း သိရှိရသည်။

“ကားက အိမ်စီးကားတွေ။ ဗိုလ်ကြီးအဆင့် လူကြီးလမ်းကြောင်းရှိလို့ ၂ ရက်နေ့ကတည်းက ကင်း လှည့်နေကြတာ။”ဟု ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊သတင်းနှင့် ပြန်ကြား ရေး တာဝန်ခံက ပြောသည်။

စစ်ကောင်စီက ကင်းလှည့်ရာတွင် ဘုတ်ပြင်းမြို့နယ်အခြေစိုက် ခမရ ၅၆၀ ၊ ခမရ ၅၅၉ နှင့် ခလ် ၂၂၄ တပ်ရင်းမှ စစ်ကောင်စီတပ်သားများပါဝင်ပြီး ခမရ ၅၅၉မှ စစ်သား ၃ ဦး၊ ခမရ ၅၆၀ မှ စစ်သား ၁ ဦး ၊ ခလရ ၂၂၄ မှ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း၊ပြည်သူ့ကာကွယ် ရေးပူးပေါင်း တပ်များက ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်များဘက်မှ လက်နက်သုံးလက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်အာဏာသိမ်းစ ၂၀၂၁ ခုနှစ်တွင် မြို့ကြီးများတွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

(တနင်္သာရီတိုင်းမ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်သတင်းဌာနဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article