သရက်ချောင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်တို့ ပစ်ခတ် ခံရပြီး ၂ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၅
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ဝင် အဖွဲ့တို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Dawei information center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သရက်ချောင်းမြို့နယ်၊ ကဇိရွာမှ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ညိုစိုးကို အမည်မသိ သေနတ် သမားများက နေ အိမ်အတွင်း ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ သေဆုံး သွားသော ညိုစိုးသည် စစ်တပ် စစ်ကြောင်းများကို ကိုယ်တိုင် လိုက်ပါ လမ်းပြ ပေးသော ပျူစောထီးအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ကြောင်းသိရသည်။
ဇူလိုင်လ ၅ ရက်နေ့ နံနက် ၈ နာရီကျော်အချိန် သရက်ချောင်းမြို့နယ်၊ ညောင် ဇင် ရွာတွင် ပျူစောထီး အဖွဲ့ဝင် ဇော်နိုင် သည် စာသင်ကျောင်းအနီး၌ သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ နာရေးကူညီမှုအသင်းက အလောင်းလာ သယ်ယူ သွားကြောင်း သိရသည်။
သေဆုံးသွားသော ပျူစောထီး အဖွဲ့ဝင် ဇော်နိုင်သည် အကြမ်းဖက် စစ်တပ်နှင့် ချိတ်ဆက်မှုရှိသူ တစ်ဦးဖြစ်ပြီး မည်သည့် အဖွဲ့အစည်းက ပစ်ခတ်သည်ကို အတည်မပြုနိုင်သေးကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။