34 C
Yangon

တွန်းဇံမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးကို CDF – Tonzang က ဖမ်းဝရမ်းထုတ်

Must read

တွန်းဇံမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးကို CDF – Tonzang က ဖမ်းဝရမ်းထုတ်

ရန်ကုန်၊ ဇူလိုင် ၅

ချင်းပြည်နယ် တွန်းဇံမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးများကို ယနေ့ ဇူလိုင်လ ၅ ရက်နေ့မှ စ၍ ဖမ်းဝရမ်းထုတ်ကြောင်း CDF – Tonzang က ကြေညာချက်ထုတ်ပြန်လိုက်သည်။

တွန်းဇံမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးသည် NUG သမ္မတဒူဝါလရှီးလ၏ အမိန့်ထုတ်ပြန်ချက်ဖြစ်သော ကျောင်းများဖွင့်လှစ်ခြင်းမပြုရန်နှင့် ရုံးတက်ခြင်းမပြုလုပ်ရန် တားမြစ်ထုတ်ပြန်ချက်ကို မလိုက်နာဘဲ ရုံးတက်ခြင်း၊ ကျောင်းများ ဖွင့်လှစ်စေခြင်းများကို ထပ်မံပြုလုပ်ကျူးလွန်ကြသည့်အပြင် CDF-Tonzang တပ်ဖွဲ့ကို တိုက်မည်ဟူ၍ ပြင်းထန်သည့် စကားများလည်း ပြောဆိုသည်ဟု ပြည်သူများ၏ သတင်းပေးမှုများ ရှိခဲ့ကြောင်း CDF – Tonzang ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDF- Tonzang တပ်ဖွဲ့အနေနှင့် တွန်းဇံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ပညာရေးမှူးများကို ချင်းလူမျိုးပီပီ တွန်းဇံမြို့နယ်၏ တိုးတက်ရာတိုးတက်ကြောင်းကို တာဝန်ယူ ဆောင်ရွက်သူဟု သတ်မှတ်၍ ၎င်းတို့ ၂ ဦးကို ယခင်က လွယ်လွယ်နှင့် အရေးယူရန် ရှောင်ရှားခဲ့ကြောင်း၊ သို့သော် ၎င်းတို့ ၂ ဦးအနေနှင့် CDF- Tonzang တပ်ဖွဲ့အပေါ်တွင် ပြင်းထန်သည့် စကားများကို အသုံးပြုပြောဆိုခဲ့မှုသည် နွေဦးတော်လှန်ရေး သိက္ခာကို ကျစေသည့်အပြင် CDF – Tonzang တပ်ဖွဲ့ကို စိန်ခေါ်နေမှုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် CDF-Tonzang တပ်ဖွဲ့အနေနှင့် တွန်းဇံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရုံးများ ဖွင့်လှစ်ခြင်း၊ စာသင်ကျောင်းများ ဖွင့်လှစ်ခြင်း မပြုရန် အကြိမ်ကြိမ် တားမြစ်ထားပြီး ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article