25 C
Yangon

ရေဦးမြို့ပေါ်ရှိ စစ်တပ် စခန်းချထားသော တိုင်းရင်းဆေးရုံနှင့် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရေဦးမြို့ပေါ်ရှိ စစ်တပ် စခန်းချထားသော တိုင်းရင်းဆေးရုံနှင့် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၅

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် စခန်းချထားသော တိုင်းရင်းဆေးရုံနှင့် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေး အဖွဲ့က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် စခန်းချထားသော တိုင်းရင်းဆေးရုံနှင့် မြို့အနောက်ဘက်ရှိ ရွှေကျီးမင်း စစ်ဆေးရေးဂိတ်တို့ကို ဒရုန်းဖြသ့် သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီနေ့ မွန်းလွဲပိုင်းမှာ Fixed wings Drone အမျိုးအစားကို အသုံးပြုပြီး ရေဦးတိုင်းရင်းဆေးရုံနဲ့ ရေဦးမြို့အနောက်ထွက်က ရွှေကျီးမင်း စစ်ခွေး စစ်ဆေးရေးဂိတ်ကို ဗုံးသီးချတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်။ တိုင်းရင်းဆေးရုံကတော့ ခွေးတွေ လူနာတင်ကားနဲ့ ဒဏ်ရာရသူတွေတင်ပြီး အရေးပေါ် ဟွန်းတီးပြီး ဆေးရုံးကိုမောင်းသွားတယ်။ ဦးခေါင်းဒဏ်ရာရတဲ့ စစ်ခွေး ၁ ကောင်ကိုတော့ ဆိုင်ကယ်ပေါ်တင်ပြီး ရေဦးဆေးရုံကိုပို့တာ မြင်လိုက်ရတယ်။ အဲဒီတိုင်းရင်းဆေးရုံကို ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့တာ မြို့အနောက် အထွက်ဂိတ်ကတော့ စစ်ခွေး အသေအ​ပျောက် မသိရသေးဘူး။ အဲစခန်းကိုလည်း ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့တယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု ကို ရွှေဘိုခရိုင်တပ်ရင်း ၁၄ အဖွဲ့ကသွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article