Khit Thit သတင်းဌာန၏ ဇူလိုင် ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၆ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းရှိ အင်းမရွာနဲ့ မိဿလင်ကုန်းရွာမှ ပြည်သူ ၆၀ ကျော်ကို ဇူလိုင် ၄ ရက်နဲ့ ၅ ရက်နေ့တွေက အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်ူလှတက်ကြွလှုပ်ရှာသူများအဖွဲ့က ပြောပါ တယ်။
– စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အရှေ့ခြမ်းတွင် စစ် ကြောင်းထိုးနေတဲ့ စစ်တပ်က ရွှေကျင်ရွာကို ဝင်ရောက် တပ်စွဲတပ်စွဲကာ ရွာဘုန်းကြီးကျောင်းကို ဖျက်ဆီးခဲ့သိလု ရွှေညောင်တော်ဘုရားပေါ်မှာလည်း မိုင်းထောင်ခဲ့တယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်။
-မြန်မာနိုင်ငံမှာ စစ်တပ်က ပြည်သူကို ရန်သူသဖွယ် သဘောထားနေပြီး အကြမ်းဖက် စစ် အာဏာရှင်ကို ခုခံတိုက်ခိုက်နေတဲ့လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနဲ့ ပူးပေါင်းမယ်လို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။