21.1 C
Yangon

အုတ်ဖိုတွင် စစ်ကောင်စီကို အသက်ပေး၍ ကာကွယ်သွားမည်ဟု ကြွေးကြော်ထားသည့် ရာအိမ်မှူး မြင့်ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သဲကုန်းတွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရ

Must read

အုတ်ဖိုတွင် စစ်ကောင်စီကို အသက်ပေး၍ ကာကွယ်သွားမည်ဟု ကြွေးကြော်ထားသည့် ရာအိမ်မှူး မြင့်ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သဲကုန်းတွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရ

ရန်ကုန်၊ ဇူလိုင် ၆

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီကို အသက်ပေး၍ ကာကွယ်သွားမည်ဟု ကြွေးကြော်ထားသည့် ပျူစောထီး ခေါင်းဆောင် ရာအိမ်မှူး မြင့်ဦး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၆ ရက်နေ့ရက်နေ့ နံနက် ၆ နာရီ ၂၅ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ကိုင်းကလေးရွာမှ ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး မြင့်ဦးကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့ အုတ်ဖို မှ ရဲဘော်များက မြင့်ဦး၏ ဦးခေါင်းတည့်တည့်ကို ကျည် ၄ ချက်ဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် မြင့်ဦးသည် နယ်ထိန်း ဇော်ထွန်းဦးနှင့် ပေါင်းကာ တရားမဝင် လောင်းကစားဝိုင်းများ၊ နှစ်လုံးဒိုင်များ၊ အရက်ဆိုင်များ၊ သစ်သူခိုးများထံမှ လိုက်လံ ဆက်ကြေးကောက်ခံခြင်း၊ စိုက်ဘဏ်ချေးငွေ သမချေးငွေနှင့် မြစိမ်းရောင်ချေးငွေများကို ၎င်းဦးဆောင်၍ ပြည်သူများအား ခြိမ်းခြောက်တောင်းခံခြင်းများ လုပ်ဆောင်သူဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီအတွတ် လိုအပ်လျှင် အသက်ပေး၍ ကာကွယ်သွားမည်ဟုကြွေးကြော်၍ ၎င်း၏ မိသားစုနှင့် ဆွေမျိုး အသိုင်းအဝိုင်းများကိုလည်း စစ်ကောင်စီထံ အင်အား စုဆောင်းပေးနေခြင်း၊ နယ်ထိန်း ဇော်ထွန်းဦး အားကိုးဖြင့် ပြည်သူလူထုကို ဖိနှိပ်အနိုင်ကျင့် ဒုက္ခပေးနေသူ ဖြစ်ကြောင်း သိရသည်။

” စစ်ခွေး၊ ရဲခွေးတွေကို မြင့်ဦးက အရမ်းဖားလွန်းလို့ ဖားမြင့်ဦးလို့ အမည်ပြောင်ရထားတာ သူ့ဆီမှာ နယ်ထိန်းကောင် ပေးထားတဲ့ သေနတ်ရှိတယ် ကြားပေမယ့် ပြန်တော့ ပစ်တာမတွေ့ဘူး။ သူအပစ်ခံရတယ်သတင်းကြားလို့ ခွေးတွေ ချက်ချင်းရောက်လာတာ ရဲဘော်တွေ နောက်လိုက်လာပေမယ့် ဒီဘက်က ရိုင်ဖယ်တွေ ပါလာလို့ လိုက်မလာရဲဘူး” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ရုံးပင်တက် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပကဖ နွေဦးမောင် မြို့ပြပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ရုံးပင်တက်ကျေးရွာနေ အုပ်ချုပ်ရေးမှူး ဇော်ဝင်းသည် သဲကုန်းမြို့မှ ဆိုင်ကယ်ဖြင့် ပြန်လာစဥ် ပေါင်းတည်မြို့နယ် (ပကဖ) နွေဦးမောင်မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှ ဖားစမ်းရွာထိပ် အရောက်တွင်သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လမ်းသွားလမ်းလာ ပြည်သူများကို ရှောင်တိမ်းပစ်ခတ်ရသည့်အတွက် ဇော်ဝင်းသည် နောက်ကြောထိမှန် ဒဏ်ရာရရှိကာ ဖားစမ်းရွာ ပြည်သူတစ်ဦး၏ နေအိမ်အတွင်းသို့ဝင်ရောက် ထွက်ပြေးသွားကြောင်း သိရသည်။

ပေါင်းတည်မြို့နယ် ပကဖ နွေဦးမောင် မြို့ပြ ပြောက်ကျား အဖွဲ့မှ ရဲဘော်များက ပြည်သူများ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဆက်လက် ပစ်ခတ်ခြင်းမပြုတော့ဘဲ ပြန်လည် ဆုပ်ခွာခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး ဇော်ဝင်းသည် အပြင်းအထန် ဒဏ်ရာရရှိပြီး သဲကုန်းမြို့နယ် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရှိရသည်။

အုပ်ချုပ်ရေးမှူး ဇော်ဝင်းသည် ၎င်း၏ နေအိမ်သို့ စခရခစစ်သား၊ ရဲများအား အမြဲခေါ်ဆောင်ပြီး ကျေးရွာနေ ပြည်သူများကို စိတ်ဒုက္ခအမျိုးမျိုး ပေးပြီး အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီး နှိပ်စက် ငွေညှစ်နေသူ ဖြစ်ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article