35 C
Yangon

ဆားလင်းကြီး ၊မုံရွာနှင့် ချောင်းဦးတို့တွင် စစ်တပ် ရေယာဥ်များကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

Must read

ဆားလင်းကြီး ၊မုံရွာနှင့် ချောင်းဦးတို့တွင် စစ်တပ် ရေယာဥ်များကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ဧရာ၀တီမြစ်အတွင်း သွားလာ နေသည့် အကြမ်းဖက် စစ်တပ်၏ ရေယာဥ်တစ်စီးကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Dragon Brothers Task Force-D.B.T.F မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကံကြီးကုန်း ပျူစောထီးရွာကို စစ်ကူလာသည့် အကြမ်းဖက် စစ်တပ် ရေယာဥ်အစုန် တစ်စီးကို ကာကွယ်ရေး တပ်ဖွဲ့များက ရွှေကုန်းရွာအနီး တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ဆားလင်းကြီးမြို့နယ်၊ ရွှေကုန်းရွာအနီးမှာ စစ်ကူလာတဲ့ စစ်ခွေး ရေယာဥ်ကို တိုက်ခိုက်ခဲ့တာ စစ်ခွေး ၁၅ ဦး ထိခိုက်ပြီး ၂ ကောင်သေတယ်။ ၃ ကောင် အပြင်းအထန် ဒဏ်ရာရတယ်” ဟု Dragon Brothers Task Force-D.B.T.F မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Dragon Brothers Task Force-D.B.T.F (နဂါးညီ နောင် အထူးတပ်ဖွဲ့) နှင့် ဆားလင်းကြီး-GZ တပ်ဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇူလိုင် ၅ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်မှ ည ၈ နာရီအချိန် စစ်ကိုင်း တိုင်း၊ မုံရွာမြို့မှ အမြင့်မြို့သို့ ရိက္ခာလာပို့သော စစ်သား နှင့် ပျူ အင်အား ၆၀ ခန့်သည် အမြင့် ဆိပ်ကမ်းမှ မုံရွာမြို့သို့ အမြန်ရေယာဉ် နှစ်စီးဖြင့် ဆန်တက် လာစဉ် Hero Fighter (Salingyi) ၊ Chindwin Dynamite (Salingyi) ၊ Fighter 9 Force (Salingyi) တောင်ပံနီ ပြောက်ကျားတပ်ဖွဲ့နှင့် ညီနောင် မဟာ မိတ် တပ်ဖွဲ့များက ဆားလင်းကြီးမြို့ နယ် အတွင်း မြစ်ကမ်း တစ်လျှောက် ရှေ့ထွက်ပြောင်းတိုက်ဖြင့် ပစ်ခတ်ခြင်း အပါအ၀င် လက်နက် ကြီး၊ လက်နက်ငယ် များဖြင့် မိနစ် ၃၀ အကြာ နှစ်ဖက်အပြန်အလှန် ရေ ကြောင်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း Hero Fighter (Salingyi) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရေ ယာဥ် ၁ စီးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Chindwin Fighter Group မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၅ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ကံကြီးကုန်းတိုက်ပွဲမှ ထွက် ပြေးလာသည့် ပျူစောထီးများကို ခေါ်ဆောင်ကာ ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်ရေယာဥ် ၁ စီးကို ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့​ကာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

” ပြောင်းတိုက် ၁၇ လုံးနဲ့ လေးပွိုင့်ခွဲပြီး တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး ၁ ကောင် သေ ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရတယ်လို့ သိရတယ်” ဟု Chindwin Fighter Group မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Fighter Group၊ Farmers Revolution Force-3 မုံရွာခရိုင် တပ်ရင်း-၁၀၊ မုံရွာခရိုင်တပ်ရင်း ၉. တပ်ခွဲ ၃၊ ဗန္ဓုလ နှင့် အဖွဲ့ သားများ Brave Heart Army(BHA) တို့မှ ပူးပေါင်း လုပ်ဆောင် ခဲ့ ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့၏ ရေယာဉ်တစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article