ခင်ဦးမြို့နယ်၊ ကုန်းကြီးကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ရွာသားများကို ဖမ်းဆီးထားကာ တချို့ အသတ်ခံထားရ
ရန်ကုန်၊ ဇူလိုင် ၆
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ကုန်းကြီးကျေးရွာကို စစ်တပ်နှင့်ပျူစောထီးများက ဝင်ရောက်စီးနင်းပြီး ရွာသားများကို ဖမ်းဆီးထားကာ တချို့ ကို သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်း စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုန်းကြီးရွာသို့ စစ်သားနှင့်ပျူစောထီး အင်အား ၁၀၀ ခန့် ဝင်ရောက်လာပြီး ရွာသူ ရွာသားများ ဘေးလွတ်ရာသို့ ပုန်းရှာင်နေရကြောင်း၊ ကျေးရွာထဲရှိ အိမ်များသို့ စစ်တပ်နှင့်ပျူစောထီးများက ၄နေရာခွဲ စခန်းချထားပြီး ရွာသူရွာသားများ ပုန်းရှာင်နေရာများသို့ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်ကြောင်း၊ လက်ရှိတွင် ကျေးရွာအတွင်း ပိတ်မိနေသော ရွာသူရွာသား ၅ဦး ကို ဖမ်းဆီးထား ပြီး သတ်ဖြတ်လိုက်သည်ဆိုသော သတင်းများရရှိထားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
စစ်တပ်က ကုန်းကြီးကျေးရွာတွင် အထိုင်ချ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြာင့် စစ်ရှောင်ရွာသူရွာသား ၄ ဦး ဒဏ်ရာရပြီး ယခုအချိန်ထိ ရွာထဲတွင် စစ်တပ်နှင့်ပျူစောထီး များ ဝင်ရောက်စီးနင်းထားဆဲဖြစ်ကြောင်း၊ ကုန်းကြီးရွာသို့ ကျေးရွာ၏ မြောက်ဘက် တောလမ်းမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နှစ် ခင်ဦးမြို့နယ်၊ ပေါင်းလဲကုန်းကျေးရွာကို စစ်တပ်က မီးရှို့ခဲ့စဉ်။
