27 C
Yangon

သရက်ချောင်း၊ ရငဲရွာ၌ တပ်စွဲထားသော စစ်တပ်က ကျေးရွာအတွင်းရှိ ထဘီပါ မကျန် ပြည်သူပိုင် ပစ္စည်း အားလုံးကို ခိုးယူပြီး မြို့ပေါ်၌ ပြန်လည် ရောင်းချနေ

Must read

သရက်ချောင်း၊ ရငဲရွာ၌ တပ်စွဲထားသော စစ်တပ်က ကျေးရွာအတွင်းရှိ ထဘီပါ မကျန် ပြည်သူပိုင် ပစ္စည်း အားလုံးကို ခိုးယူပြီး မြို့ပေါ်၌ ပြန်လည် ရောင်းချနေ

ရန်ကုန်၊ ဇူလိုင် ၆

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာ၌ တပ်စွဲထားသော စစ်တပ်က ကျေးရွာအတွင်းရှိ ထဘီပါ မကျန် ပြည်သူပိုင် ပစ္စည်း အားလုံးကို ခိုးယူသွားပြီး မြို့ပေါ်၌ ပြန်လည် ရောင်းချနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဇွန်လပိုင်းက စတင်ကာ သရက်ချောင်းမြို့နယ်၊ ရငဲရွာ ဘုရားတောင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တက်က ကျေးရွာအတွင်းရှိ ထဘီပါ မကျန် ပြည်သူပိုင် ပစ္စည်းများကို ကားများဖြင့် ခိုးယူပြီး သရက်ချောင်းမြို့ပေါ်၌ ပြန်လည် ရောင်းချ လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ရငဲရွာမှ ဆန်၊ ဆီ၊ ဆား၊ ငပိ၊ ငါးခြောက်များ အပါအဝင် အခြေခံ စားသောက်ကုန်များ၊ ချိတ် ထဘီများ၊ အဝတ်အစားများ၊ လဝန်း စတိုးဆိုင်ရှိ ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် အသုံးအဆောင် ပစ္စည်း အားလုံးကို ခိုးယူသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ရွာထဲက အိမ်တွေမှာ ဘာမှကို မကျန်တော့တာ အခြေခံ စားကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်ကြက်သွန်၊ ငပိ၊ ငါးခြောက် ကစပြီး ကလေးအဝတ်ပါ မကျန် ခိုးယူနေတာပါ ရငဲရွာမှာရှိတဲ့ လဝန်း စတိုးဆိုင်က ပစ္စည်းတွေ မြန်မာအဝတ်အထည် ချိတ်ပါတိတ် ထဘီတွေ ဘောင်ဘီ၊ စကတ် ၊ အနောက်တိုင်းဝတ်စုံများ. မိန်းကလေး အသုံးအဆောင် မိတ်ကပ်၊ ရေမွှေး၊ ဖိနပ်အဆုံး မှန်ဗီရိုတွေ​ေကော ဆိုင်ကယ်ဖုန်း ၊ လျှပ်စစ် ပစ္စည်းတွေ အကုန်လုံးကို ခိုးပြီး သရင်ချောင်း မြို့ပေါ်မှာ ပြန်ရောင်းတာ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article