ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တံခွန်တိုင် ရဲစခန်းနှင့် စစ်တပ်တောင်ကုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၇
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ တံခွန်တိုင် ရဲစခန်းနှင့် စစ်တပ် တပ်စွဲထားသော တောင် ကုန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း Alpha Bats (Fixed Wing) Drone တပ်ဖွဲ့ (နဂါးနီစစ်ကြောင်း )မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ဇူလိုင်လ ၅ ရက် နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ရဲစခန်းကို Fixed Wing ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး ဗုံးသီး ၅ လုံးမှာ အကြမ်းဖက်စစ်သားများ နေထိုင်ရာ နေရာများကို ကျရောက် ပေါက်ကွဲခဲ့ပြီး ထပ်မံ၍ ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ရဲစခန်းအဆောက်အအုံများကို ထိမှန်ပေါက်ကွဲ ခဲ့ကြောင်း၊ အကြမ်းဖက် စစ်သား သေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ရဲစခန်းမှာက ခွေးတွေများတယ်ဗျ၊ ထိခိုက်ပျက်စီးသေဆုံးမှုရှိပေမယ့် အတိအကျ မသိရသေးဘူး၊ စုံစမ်း နေတုန်းပဲ၊ ငြိမ်းချမ်းမြိုင် တောင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စခန်းကုန်းကို ဗုံးကျဲခဲ့တာကလည်း တောင် ပေါ်ဆိုတော့ စုံစမ်းရခက်နေတယ်၊ သေဆုံးထိခိုက်မှုက အတိအကျ မသိရဘူး၊ သေဆုံးထိခိုက်မှုကတော့ ရှိနိင်ပါတယ်၊ ခွေးတွေဘက်ကတော့ လက်နက်ငယ်တွေနဲ့ တစ်ချက်နှစ်ချက်လောက်ပဲ ပြန်ပစ်တာမျိုးရှိ တယ်၊ လက်နက်ကြီးနဲ့တော့ အရင်လို မပစ်တော့၊ သူတို့နေရာသိသွားရင် ပြန်ချခံရမှာစိုးလို့နေမှာ” ဟု Alpha Bats (Fixed Wing) Drone တပ်ဖွဲ့ (နဂါးနီစစ်ကြောင်း )မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ ငြိမ်းချမ်းမြိုင် ဘုန်းကြီးကျောင်းအနီး တောင်ထိပ်ပေါ်၌ အင်အား ၇၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို Fixed Wing များ၊ Drone များဖြင့် ဗုံးသီး၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Alpha Bats (Fixed Wing) Droneတပ်ဖွဲ့ (နဂါးနီစစ်ကြောင်း )၊ နဂါးနီစစ် ကြောင်း၊ KNDO-တပ်ရင်း ၆ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း Alpha Bats Fixed Wing Drone တပ်ဖွဲ့ထံမှ သိရသည်။