မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းနှင့် စစ်ကြောင်းမှူးနေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ စစ်ကိုင်းနှင့် မြင်းမူရှိ ရဲစခန်းနှင့် စစ်ကြောင်းတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၇
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းနှင့် စစ်ကြောင်းမှူးနေအိမ်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း Myaung Special People Defence Force- MSPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇူလိုင်လ ၅ ရက် နံနက် ၈ နာရီခွဲခန့်က အကြမ်းဖက်စစ်သားအများအပြားဖြင့် အထိုင်ချထားသည့် ကျောက်ရစ်ရဲစခန်းနှင့် အကြမ်းဖက်စစ်တပ် နေထိုင်ရာ ဆေးရုံအတွင်းရှိ နေအိမ်ကို Shar Htoo Wow နည်းပညာအသုံးပြု မောင်းသူမဲ့ လေယာဉ်ဖြင့် ၄၅၀ ဂရမ်အလေးချိန်ရှိ ဗုံးသီး ၂ လုံးကို ကျဲချတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးထက်နည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစ်ကြောင်းမှူးက ရဲစခန်းထဲမှာ မနေဘူး၊ ဆေးရုံထဲမှာ နေတာ၊ 450 g ဗုံးသီး ၂ လုံး၊ 650 g ဗုံးသီး ၂ လုံး စုစုပေါင်း ဗုံးသီး ၄ လုံးကျခဲ့တာ၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာတော့ ရှိတယ်၊ ရဲဘော်တွေအား လုံးဘေးကင်းပါတယ်၊ ခွေးသေထိခိုက်သေဆုံးမှုကတော့ ၂ ဦးထက်နည်းဒဏ်ရာရတယ်လို့ပဲ သိရသေး တယ်၊ ထပ်မသိရသေးဘူး” ဟု Myaung Special People Defence Force- MSPDF တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Myaung Special People Defence Force- MSPDF၊ Wing of Arrawady တပ် ဖွဲ့၊ CHU PDF တပ်ဖွဲ့၊ မိတ္ထီလာခရိုင်တပ်ရင်း ၂ ၊ မိတ္ထီလာခရိုင်တပ်ရင်း ၃ ၊ မြင်းခြံခရိုင်တပ်ရင်း ၆ တပ် ခွဲ ၃ LPDF (စဉ့်ကိုင်) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ညောင်ပင်ဝန်းရဲစခန်းနှင့် မြင်းမူ မန်းကျည်းကန်ရွာရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန် PDF ပြန်ကြားရေး ဒုတာဝန်ခံ စွန်နက် က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် နဘဲကြူးကျေးရွာကို ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း နောက်ပြန် တပ်ခေါက်စေရန် နယ်မြေခံ ကာကွယ်ရေး တပ်ဖွဲ့က အကူညီတောင်းခံမှုကြောင့် တိုက်နယ်စွန် PDF အဖွဲ့က နံနက် ၁၀ နာရီခန့်တွင် ညောင်ပင်ဝန်း စခန်းကို ၆၀ မမ လက်နက်ကြီး ၅ လုံး ၈၀ မမ လက်နက်ကြီး ၂ လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်ခန့်တွင် မန်းကျည်းကန်ရွာ မြောက်ပိုင်းကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်နယ်စွန် PDF က ၆၀ မမ လက်နက်ကြီး အလုံး ၂၀ နီးပါး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
” ထိခိုက်သေဆုံးမှုတော့ အတည်မပြုနိုင်းသေးဘူး ရဲစခန်းနဲ့ စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ် ဒီနေ့ နံက်နက်ပိုင်းကလည်း ဂုံညင်းဆိပ် ကျေးရွာကို ရောက်ရှိနေတဲ့ စစ်ခွေးစစ်ကြောင်းကို တိုက်နယ်စွန်PDF က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ဖို့ သွားပေမယ့် နယ်မြေခံ ပကဖ က အပြစ်မခံလို့ ပြန်လည်ဆုတ်ခွာလာခဲ့တယ်” ဟု နယ်စွန် PDF ပြန်ကြားရေး ဒုတာဝန်ခံ စွန်နက် က ပြောဆိုသည်။